Alcohol!

97 8 0
                                    

စိတ်ညစ်ညစ်နဲ့ဘာလုပ်လို့ဘာကိုင်ကမှန်းမသိလို့ အပျင်းအပြေbarလေးသွားမိပါတယ်။ခုတော့ နာညီးမခံနိုင်တာကြောင့်ပြန်ထွက်ဖို့လုပ်နေခြင်း။သူဟာသောက်နိုင်တဲ့သူမဟုတ်တာကြောင့်သောက်ဖို့မဟုတ်ဘဲအသစ်အဆန်းလေးများရှိမလားဆိုသည့်စိတ်ကူးကြောင့်လာခဲ့ခြင်းပင်။

တွေးနေတုန်း သူ့ဘေးနားကောင်မလေးတစ်ယောက်ရောက်လာခဲ့ပြီးအရက်ငဲ့ပေးသည်။မသောက်ဘူးလို့ငြင်းနေပေမဲ့လည်းအတင်းတိုက်နေတာကြောင့် ဘယ်နှစ်ခွက်တွေကုန်သွားမှန်းမသိ။ခေါင်းတွေအရမ်းမူးနှောက်နေကာမြင်နေကသည့်မြင်ကွင်းမှာဝါးတားတား။မတ်တပ်ရပ်လိုက်ရင်လဲသွားမည့်အခြေနေ။လူကအိပ်ချင်လာသလိုလိုဖစ်ကာမျက်လုံးတွေပင်မဖွင့်နိုင်တော့။မပိတ်သွာခင်ကောင်မလေးကနမ်းဖို့ရွယ်သည်ကိုတစ်ယောက်ယောက်တွန်းထုတ်တာခံလိုက်ခြင်းကိုတော့တွေ့လိုက်ရသည်။ထို့နောက်ကြားလိုက်ရသည့်ခပ်ဩဩအသံ

' ကိုယ့်အချစ်ကဒီမှာပဲ '

______________________________

ကိုက်နေသည့်ခေါင်းနှင့်အတူနိုးလာပေမဲ့ မရင်းနှီးသည့်ပတ်ဝန်းကျင်ကြောင့်ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပေမဲ့ဘားမှမတွေ့။ညကအကြောင်းပြန်စဉ်းစားကြည့်ပေမဲ့လည်းစကားတစ်ခွန်းကလွဲရင်ဘားမှမပေါ်လာ။ဘာတဲ့!...အချစ်..ဟို..ဟိုကောင်လား?မဖြစ်နိုင်ပါဘူးသူ့လိုကောင်ကအဲ့လိုနေရာမျိုးသွားမလား။မဟုတ်ဘူး...မဟုတ်‌တာတွေမ‌ေတွးနဲ့winnie။

ဒါပေမဲ့လည်းသူတွေးထားတာနဲ့တစ်ခြားစီ။အခန်းတံခါးပွင့်သံနှင့်အတူ ဘောင်းဘီအိတ်ထဲလက်ထည့်ထားသည့်သူတစ်ယောက်။ဘယ်သူဘယ်ဝါမှန်းမသိတာကြောင့် မျက်မှောင်ကျုံ့ကာစိုက်ကြည့်တော့မှ....ဟိုနွားးး!

"Oww နိုးနေပီလား အချစ် "

" ည..ညက မင်း..မင်း "

" ကိုယ်က ဘာဖြစ်လဲ "

" မင်းbarကိုရောက်လာခဲ့တာလား "

" အွန်းးးး မဟုတ်ရင် အချစ်ဘယ်လိုလုပ်ကိုယ့်အခန်းထဲရှိနေမလဲ "

" ဘ..ဘာ! မင်းအခန်း "

သူ့အရှေ့ကအကောင်ပေါက်ကြောင့် သူရယ်မိသည်။သူအခန်းလို့ပြောလိုက်တော့ ချက်ချင်းခန္ဓာကိုယ်ကိုဟိုစစ်ဒီစစ် ။ကြည့်ရတာမမှတ်မိသည့်ပုံ။ညကအလွန်မူးပြီးအိပ်ပျော်သွားတဲ့အကောင်ပေါက်က အရမ်းချစ်ဖို့ကောင်းလွန်းသည်။ပါးစပ်ကလဲဘာတွေပြောလို့ပြောမှန်းမသိ။သူ့အိမ်ကိုလိုက်ပို့ဖို့ကအရမ်း‌ေဝးလွန်းတာ‌ေကြာင့်ကိုယ့်အိမ်သာ‌ေခါ်လာရခြင်း။

The Person Where stories live. Discover now