ep (4)

162 19 3
                                    

" ဂျေး ကြယ်တွေက လှတယ်နော်''

ညစာစားပြီးနောက် နှစ်ယောက်သား ခြံထဲဆင်းကာ မြက်ခင်းပေါ် ထိုင်ပြီး ကြယ်ကြည့်ကြ၏ ။ ဆောင်းဟွန်း သည် ဂျေး၏ ပေါင်ပေါ် ခေါင်းတင်ကာ လဲလျောင်းရင်း ကြယ်စင်လုံးလေးတွေ၏ အလင်းရောင်တဖျတ်ဖျတ် ၊ လပြည့်ဝန်း၏ အပြုံးလင်းလင်း ၏ ခြယ်သမှုကြောင့် လှပသော ကောင်းကင်ကြီးကို ကြည့်နေ၏ ။

" အင်း ကြယ်တွေက လှတယ်.... ဒါပေမယ့် မင်းမျက်လုံးလေးတွေက ပိုလှတယ် ငါက မင်းရဲ့မျက်လုံးဝိုင်းလေးတွေကို ပိုချစ်တာ''

" ဟီး အသည်းလာ​ခြွေနေတာ ပတ်ဂျေးအီကတော့ ''

ဂျေးကိုမော့ကြည့်ကာ ဟီးခနဲရယ်ပြပြီး ပြောသည့် ဆောင်းဟွန်း သည် ဂျေး၏ စကားကို အတော်လေးသဘောကျနေပုံ။ သွားအအေးပက်မတတ်ပြုံးဖြီးနေ၏ ။

" ဒါပေါ့ ​ခြွေရတာပေါ့ ပတ်ဂျစ်တူးလေး တခြားသူနောက်ပါသွားမှာစိုးလို့ ''

" ဘာလို့ ပတ်ဂျစ်တူးလဲ''

" ဂျစ်တူးဘဲဟာ''

" မဟုတ်ဘူး ''

မဟုတ်ဘူးတဲ့။ ဂျစ်တာမှ ဂျစ်ဂျစ်ဂျစ်လို့တောင်မြည်နေတာကိုများ။

" ဂျစ်တူးလေးမဟုတ်ရင် ရစ်စိန်''

" ဟာ မဟုတ်ပါဘူးနော် ငါဘယ်မှာရစ်လို့လဲ''

မရစ်လို့သာဘဲ။ ရစ်များရစ်ရင် ပတ်ဂျေးတို့ လောကကြီးကို စိတ်ကုန်ပြီး ဘုန်းကြီးဝတ်ရုံ။ ပတ်ဆောင်းဟွန်း ရစ်ရင် သူမှာပြေးစရာပင်မရှိ၍........

" ရစ်စိန်မဟုတ်ရင် ဖိုးကောက်လေး ''

" ငါ က မကောက်တတ်ပါဘူး ''

ပြောထွက်တာ။ အဲ့ပါးစပ်ကလေးက တအားပြောထွက်တာ။ နှစ်ဆယ့်လေးနာရီမှာ နှစ်ဆယ့်သုံးနာရီနဲ့ မိနစ်ငါးဆယ်က ကောက်နေတာကိုများ.... ကျန်တဲ့ငါးမိနစ်ကတော့ သူစိတ်ကောက်ပြေပြီမို့ လိုချင်တာတောင်းဖို့။

" ပတ်ဂျစ်တူး ပတ်ရစ်စိန် ပတ်ဖိုးကောက်''

" အဲ့နာမည်မခေါ်နဲ့ မကြိုက်ဘူး ''

" မကြိုက်လို့ကို ခေါ်မှာ ပတ်ဂျစ်တူး ပတ်ရစ်စိန် ပတ်ဖိုးကောက် ''

My Dimple Boy (Complete )Where stories live. Discover now