ep (12)

70 5 2
                                    

" ယန်းဂျောင်ဝန်း! "

ရုံးခန်းစာပွဲပေါ် စာရင်းတွေပါသည့်ဖိုင်တွဲကို ခပ်ကြမ်းကြမ်းပြစ်ချသံနှင့် ဟီဆွန်း၏ အော်သံက တစ်ချိန်တည်းမှာပင်ဖြစ်၏ ။

" ဟုတ်ကဲ့ boss ''

မိမိ၏စားပွဲမှထ​ကာ ဂျောင်ဝန်း boss အနားအပြေးသွားရ၏ ။ ရောက်ရောက်ချင်းပင် boss ရဲ့အကြည့်တွေက ခပ်စူးစူးမို့ လူက တောင့်ခနဲပင်ဖြစ်သွား၏ ။ ဘ ဘာလဲ။ ထ ထပ်ပြီး ဂျောင်ဝန်း ဘာလုပ်မိပြန်ပြီလဲ။ ဂျောင်ဝန်း ဒီနေ့ boss ခိုင်းတာမှန်သမျှ သေချာလုပ်ပါတယ်။ စာရင်းတွေလည်း ဆယ်ခါမက စစ်ပြီးမှ boss ဆီပို့တာပါ။

" ၃အလီရလား ''

"ဟင်! "

၃အလီတဲ့။ boss ဘာဖြစ်တာပါလိမ့်။ အသက်နှစ်ဆယ့်နှစ်ကျော်နေပြီဖြစ်သည့် ဂျောင်ဝန်းလို စူပါဘရိန်းပိုင်ရှင်က သုံးအလီကို မရစရာအကြောင်းရှိပါ့မလား။

" ရတာပေါ့ bossကလည်း....... လွယ်လွယ်လေးကို''

" သြော် လွယ်လွယ်လေးပေါ့ သုံးသုံးလီဘယ်လောက်လဲ ''

" ကိုးလေ boss ကလည်း. ... boss မသိဘူးလား ကလေးတောင် သိတယ်''

ယန်းဂျောင်ဝန်း စကားကြောင့် ဟီဆွန်း ပါးစပ်ကလေးပင် အာခနဲဟသွားရ၏ ။
အမယ်လေး။ ဟီဆွန်းကဘဲ သုံးအလီမသိဘူးဖြစ်ရသေး။ သွေးတက်တာ။

" ငါမှမသိဘဲနေမလား သိလို့ boss ဖြစ်နေတာကွ ''

" သြော် ဟုတ်ကဲ့ အဲ့ဒါဆို ဘာလို့မေးတာလဲ ''

" မင်းရဲ့စာရင်းပေါင်းတာ ကြည့်ကြည့်လိုက်''

Bossက စာရွက်ပေါ်ရှိ ပေါင်းနုတ်မြှောက်စားထားသော ဂဏန်းတွေကိုညွှန်ပြ၏ ။
" ဒီမှာ သုံးသုံးလီ ခြောက်လုပ်ထားတယ် မြင်လား ''

ဂျောင်ဝန်း မျက်လုံးဝိုင်းလေးတွေ ပြူးသွား၏ ။ အာ ဟုတ်သားဘဲ။ သုံးသုံးလီခြောက်လုပ်ထားတာ။ ဂျောင်ဝန်းနီးလေး နည်းနည်းလေး လျှမ်းသွားပုံပါဘဲ။ ပညာရှိသတိဖြစ်ခဲ ဆိုတာလည်း ရှိတာဘဲ မဟုတ်ပါလား။

" တောင်းပန်ပါတယ် boss''

ချက်ချင်း ချက်ချင်း မျက်နှာဖြူဝိုင်းလေးက အိုစာကျသွားကာ သနားစရာကြောင်ပေါက်စလေးဖြစ်သွား၏ ။ ဟီဆွန်း မှာ အပြတ်အသတ်ဆူရန် ခဲလေသမျှ သဲရေကျရတော့၏။

My Dimple Boy (Complete )Where stories live. Discover now