Chapter - 3 - Win-Win

317 57 33
                                    



"ယနေ့မှာတော့ Sung group ဟာ Dessert Marketထဲကို ခြေလှမ်းသစ်စတင်တဲ့အနေ နဲ့ new product လေးကို launch လုပ်လိုက်ပါပြီ။ အခုSung groupရဲ့ ဥက္ကဋ္ဌ ဆောင်းဟန်ဘင်းကို product အသစ်ကြောင်း တွေ့ဆုံမေးမြန်းသွားမှာပါ။ Sung groupရဲ့ ဥက္ကဋ္ဌဆောင်းဟန်ဘင်းဟာ 21ရာစုရဲ့ အလားအလာအရှိဆုံး လူငယ်လုပ်ငန်းရှင်များစာရင်းဝင် တစ်ဦးဖြစ်သလို သူ့ရဲ့ချောမောတဲ့ရုပ်ရည်နဲ့ဆွဲဆောင်မှုရှိတဲ့အပြုံးကြောင့် The most eligible bachelor listမှာ လည်း တစ်ပြေးနေတဲ့ ပျိုမဒီတွေကြားမှာရေပန်းစားတဲ့ လုပ်ငန်းရှင်တစ်ယောက်ပါ။

SNUရဲ့famous alumni ကိုရီးယားရဲ့top ten စာရင်းဝင်လုပ်ငန်းတစ်ခုရဲ့ဦးဆောင်သူအနေနဲ့ ပရိသတ်ကြီးကို သူ့ရဲ့စိတ်ဝင်စားအတွေ့အကြုံတွေမျှဝေရင်း product အသစ်အကြောင်းကိုလည်းမိတ်ဆက်ပေးသွားမှာပါ။

" Product အသစ်အကြောင်းလေး မိတ်ဆက်ပေးပါဦး ဒီproduct ကိုထုတ်လုပ်ဖို့ ဘယ်လိုideaရခဲ့တာလဲရှင့်?"

ဆောင်းဟန်ဘင်းက camera ဘက်ကိုကြည့်လိုက်ကာ

"ဟုတ်ကဲ့ အစကတော့ ဒါကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းထောင်ထားတဲ့လက်ဖက်လုပ်ငန်းလေးအတွက် ကျွန်တော် အပျော်တမ်းဆွဲထားတဲ့projectလေးပါ။ နောက်မှ ဒါလေးကိုSung groupရဲ့အကျိုး
လက်မှုပညာရှင်ကလေးတွေရဲ့ အကျိုးအတွက် အသုံးပြုပေးလိုက်ရင် ပိုကောင်းမယ်တွေးမိလို့ ဒီprojectလေးကို စတင်ဖြစ်သွားတာပါ။ Chocolateတွေထက်စာရင်
ဒီMatcha giftလေးက လူကြီးလူငယ်မရွေး လက်ဆောင်ပေးလို့လည်းအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါမယ်။
လူတစ်ယောက်ရဲ့ကျန်းမာရေးအတွက်
လက်ဆောင်ပေးတယ်ဆိုတာ ချစ်ခြင်း
မေတ္တာကိုပြသခြင်းတစ်မျိုးလို့ ကျွန်တော်ခံယူထားပါတယ်။ သူက ငါ့အတွက်တွေးပေးပါလား ဆိုတဲ့ခံစားချက်လေးက လက်ဆောင်ရရှိသူ့ရဲ့ရင်ထဲမှ အနွေးဓာတ်လှိုင်းလေးတစ်ခုဖြတ်သွားစေမှာပါ။

ဟာအို မျက်မှောင်ကိုကျုံ့လိုက်မိသည်။

"ဒီကောင်က ဘာလဲ ငါ့new productကို တဖက်လှည့်နဲ့ဖဲ့ချင်နေတာလား။" ဟာအိုနှုတ်ခမ်းဆူကာဝေဖန်ရင်း ဆောင်းဟန်ဘင်းပြောတာကို ဆက်နားထောင်နေမိသည်။ သူပြောတာနားထောင်ချင်လို့တော့မဟုတ်ပါ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ကိုယ့်ပြိုင်ဘက်ရဲ့ခြေလှမ်းတွေကိုသိထားဖို့လိုတယ်လေ။

Binneul AssignmentWhere stories live. Discover now