Chapter 6 - Clingy

345 63 12
                                    





ဟာအိုနေလို့သိပ်မကောင်း၍ အိမ်ကိုစောစောပြန်နားရန်သာ ဆုံးဖြတ်လိုက်သည်။

Driverနှင့်ပြန်လာ၍Cloud Residence အထိရောက်လာသော်လည် ဟာအိုမူးမလဲသွားအောင်ကိုယ့်စိတ်ကိုယ်မနည်းတင်းနေရ၍ ဘေးကိုလည်းသေချာမကြည့်နိုင်ချေ။

"မင်း ဒီနေ့စောသားပဲ"
ဆောင်းဟန်ဘင်းလည်းရုံးဆင်းလာပုံရကာ
ဓာတ်လှေကားစောင့်နေရင်း ကျန်းဟောက်ကိုစကားလှမ်းပြောလာသည်။

"အင်း"

ဟာအိုမနည်းအားယူကာပြန်ပြောလိုက်ရသည်။ သူပျော့ညံ့နေသည့်ပုံမျိုး သူ့ပြိုင်ဘက်ကိုမပြချင်ပါ။

"မင်း မျက်နှာက ဖြူဖျော့နေတာပဲ။နေရောကောင်းရဲ့လား?"

" ရတယ်။ ငါဘာမှမဖြစ်ဘူး။ နည်းနည်းပင်ပန်းနေလို့"

ဖြူဖျော့ပြီးအားမရှိသလိုပုံစံကြောင့် မေးလိုက်သော်လည်း တစ်ဖက်က မဖြေလိုသည့်ဟန်ပြလာ၍ ဆောင်းဟန်ဘင်း ဆက်မမေးတော့ရန်သာဆုံးဖြတ်လိုက်သည်။

'ကျန်းဟောက်က ကလေးမှမဟုတ်တာ။ သူ့ကိုယ်သူဂရုစိုက်နိုင်ပါတယ်'

ဟာအိုသူ့အခန်းရှိသောအထပ်ဆီကိုကြိုးစားတက်နေသော်လည်း တဖြည်းဖြည်းနဲ့ခေါင်းတစ်ခုချာချာလည်ပြီးအမှောင်ထုထဲသို့ရောက်သွားတော့သည်။

"ဟေ့ ကျန်းဟောက် ကျန်းဟောက်"

မူမမှန်သောကျန်းဟောက်ပုံစံကြောင့် ဟန်ဘင်း ခေါ်လိုက်သော်လည်းတုံ့ပြန်မလာသောကြောင့်အနားသွားကြည့်တော့ ယိုင်ပြီးသူ့ရင်ခွင်ထဲလဲပြိုလာသော ခန္ဓာကိုယ်လေးကိုအမြန်ဖမ်းထိန်းလိုက်ရလေသည်။ ဆောင်းဟန်ဘင်းစဉ်းစားမနေတော့ပဲ သတိမေ့နေသာသူကိုချီသွားရန်သာဆုံးဖြတ်လိုက်သည်။
ယောက်ျားလေးဖြစ်ပြီးအရပ်ရှည်သူဖြစ်၍ အတော်အသင့်လေးမည်ဟုထင်ထားသော်လည်း ခါးမှထိန်းကိုင်ရင်းတခေါက်ကွေးအောက်သို့လက်လျှိုပြီးမလိုက်သောအခါ သူထင်ထားသလိုပဲ အတော်ပင်ပေါ့နေသောကြောင့် ကျန်းဟောက်တစ်ယောက်အစားမှစားရဲ့လားတောင်တွေးမိသွားရသည်။

"အဲ့လိုကျန်းမာရေးဂရုမစိုက်လို့လည်း ဒီလိုဖြစ်တာနေမှာ"

ဆောင်းဟန်ဘင်း ကျန်းဟောက်ကိုချီရင်းသူ့အခန်းသို့သာဝင်လာခဲ့လိုက်သည်။ ကျန်းဟောက်ကို အိပ်ယာပေါ်တင်ပေးပြီးသည်နှင့် မိသားစုဆရာဝန်ကိုဖုန်းဆက်ခေါ်လိုက်တော့ နာရီဝက်အတွင်းရောက်မည်ပြောလာသဖြင့်စိတ်အေးသွားရသည်။
မဟုတ်ရင် သူကျန်းဟောက်ကိုဘာလုပ်ပေးရမလဲမသိချေ။

Binneul AssignmentWhere stories live. Discover now