Part 1

4.2K 62 19
                                    

Unicode

"ဒါက မင်း တစ်ပတ်လောက် လုပ်ခဲ့ရတဲ့ တင်ပြချက်လား!!! ကြက်တစ်ကောင်ဆိုရင်တောင်မှ ဒီ့ထက်ပိုကောင်းအောင် လုပ်နိုင်တယ်ကွ!!!"

ရုံးခန်းထဲမှ ခက်ထန်ကြမ်းတမ်းတဲ့ အော်ငေါက်သံ ထွက်ပေါ်လာ၏။

တစ်ရုံးလုံးက လူတွေကတော့ ဒါရိုက်တာရဲ့ ဒေါသအရှိန်နဲ့ ကျင့်သားရနေပြီဆိုပေမယ့်လည်း သူ့ရဲ့ အေးစက်တင်းမာတဲ့ အော်ငေါက်သံကို ကြားရတိုင်းမှာ ထိတ်လန့်နေကြဆဲပဲ။

ထို့နောက် တံခါးက ပွင့်လာပြီး အထဲက ကောင်မလေးက ငိုယိုကာ ရုံးခန်းထဲမှ ထွက်လာသည်။

ဒီအချိန်မှာ ကုမ္ပဏီရဲ့chat groupထဲမှာတော့ စတင်ပေါက်ကွဲလာပြီ။

စတော်ဘယ်ရီပူတင်း-  ဟား...ဟား အယုတ်တမာ ရှန်က ရုပ်လေးချောနေတာကလွဲရင် တကယ့် မကောင်းဆိုးဝါးနော်။ တစ်ပတ်ထဲမှာတင် ငါးယောက်တောင် ရှိနေပြီ သူ့ရဲ့ ဆူပူကြိမ်းမောင်းဒဏ်ကို ခံလိုက်ရတာ... သူ ဘာလို့ အခုထိ ကောင်းကင်ဘုံ မတက်သွားသေးတာလဲဟေ???

Big Mango: ဟုတ်ပါ့

ငါ ဂျယ်လီ ၁ ခု စားမယ်: ဟုတ်ပါ့

$&+++&&+$&&$$&$&&#$&&*&**$#$&

မီလုက  group ထဲက ပေါက်ကွဲသံတွေကို မြင်လိုက်ရပြီးနောက်မှာ သူမရဲ့ သွေးတွေလည်း စတင် ဆူပွက်လာပြီ။ သူမက ဖုန်းကို ကောက်ကိုင်လိုက်ပြီး စာပို့လိုက်သည်။

Simi  Lu : အယုတ်တမာ ရှန်က သူ့ရဲ့အတွင်ထဲးက လိုအင်ဆန္ဒတွေ မပြည့်၀နိုင်လို့ပဲ နေမှာပေါ့။ သူ့ အသက်ကဖြင့် 30 တောင်ဖြစ်နေပြီ ...အခုထိ ရည်းစားလည်း မရှိနေတော့ သူ စိတ်ရူးပေါက်တိုင်းမှာ နေ့တိုင်းပဲ ငါတို့ကို လာပြီး နှိပ်စက်နေတာ။

မီလုက အတင်းချနေရင်း သူမရဲ့ ကျောဘက်က အေးစိမ့်စိမ့် ဖြစ်လာသလို ခံစားလိုက် ရသည်။

ဒီရင်းနှီးနေတဲ့ ခံစားချက်က... !!!

မီလုက ဖုန်းစခရင်ကို အမြန်ဆုံး ပိတ်ချလိုက်ပြီး ဖုန်းကို စားပွဲပေါ်တင်လိုက်သည်။

သေချာတာပေါ့.. ချက်ချင်းဆိုသလို ခေါက်ကျိုးရာတောင် မထင်နေတဲ့ အနက်ရောင် အနောက်တိုင်းဝတ်စုံအပြည့်ဝတ်ထားတဲ့ ဆံပင်မွေး တစ်မွှေးတောင် မထွက်အောင် သေသပ်စွာ ဖီးသင်ထားတဲ့ အမျိုးသားတစ်ယောက်က သူမနောက်မှာ ရောက်နှင့်နေတာကို သူမ တွေ့လိုက်ရသည်။

Boss & Me 🖤 (Paid Version)Where stories live. Discover now