အပိုင်း ( ၁ )

636 30 1
                                    

အပိုင်း (၁)

ရွာထဲကိုဓားပြဝင်ပေမယ့် ရွာကလူတွေမှာတုန်လှုပ်မှုမရှိ။
မြင်းခွာသံတွေမြေပေါ်ဆူညံနေပေမယ့် သူတို့အတွက်ကရိုးသွားတဲ့သံစဥ်တွေလို။ပုံမှန်အတိုင်း နေထိုင်သွားလာနေတာ ဓားပြတွေကိုမြင်ပါများတော့ရိုးသွားသလို။ အမှန်က ရိုးသွားတာမဟုတ်သလို အလေးအနက်မထားတာလည်းမဟုတ်။

ဓားပြတွေလား?မကြောက်ဘဲနေမလား။ သေနတ်တွေဓားတွေနဲ့ လူ့အသက်တွေကိုပုရွတ်ဆိတ်သတ်သလိုသတ်တဲ့လူကြမ်းတွေလေ။ မော်လို့တောင်မကြည့်ရဲအောင်
အသည်းထဲထိကြောက်ရမှာ။

ဒါပေမဲ့ မဟာမြိုင်တောအုပ်ကြီးအနီးနားကရွာတွေကတော့ တောအုပ်ထဲစခန်းချထားတဲ့လူကြမ်းတွေကို သူတို့ရဲ့အစောင့်အရှောက်လို့သတ်မှတ်ထားသည်။

ဒါ သူတို့အပြစ်လို့ပြောလို့မရပင်။ ဆင်းရဲတဲ့ရွာတွေ
အရာရာမှာတိမ်မြှုပ်နေတဲ့ရွာတွေမို့ ဒီဓားပြတွေကိုသာ
သူတို့မကိုးကွယ်ရင် ဒီမြေပေါ်မှာသူတို့ရဲ့ရွာဆိုတာမရှိတော့။ အကုန်လုံးကိုအထက်တန်းလူတန်းစားတွေက
အပိုင်စီးကုန်မှာ။

ဓားပြတွေဆိုပေမယ့် တရားမျှတမှုကိုရှာပေးတယ်။
ဓားပြဗိုလ်ကြီးဘုန်းဗညားဆိုတာ ဓားသာကိုင်ပေမယ့်
ပန်းတွေလည်းပျိုးတတ်သေးတာ။ လူချမ်းသာတွေ
အောက်ခြေလူတန်းစားတွေကိုလက်ဝါးကြီးအုပ်ဖိနှိပ်နေတဲ့ လူတွေဆီကခိုးပြီး ဆင်းရဲသားတွေကိုပြန်မျှဝေပေးနေ
သည်မှာ နှစ်ပေါင်းဆယ်နဲ့ချီနေပြီ။

ကြင်နာပြီးတရားမျှတတ်မှုရှိတဲ့လူမို့လို့လည်း ဓားပြအင်အားက ကြာလေကြာလေ ပိုတိုးလာနေတာ။
ယခုမဟာမြိုင်မှာ ဓားပြအင်အားက ရာကျော်လို့
ထောင်ဂဏန်းတောင်ရှိနေလောက်ပြီပေါ့။

အမြဲလိုလိုမျက်နှာအုပ်ထား မျက်လုံးနှစ်လုံးသာပေးပေါ်တတ်တဲ့ ဓားပြဗိုလ်ဟာ ဒီနှစ်မှာတော့ အတော်လေး
ပြောင်းလဲလာပါပြီ။ ရွာက သူကြီးသား နေရီလေးကို
မေတ္တာသက်ဝင်နေခဲ့လို့တဲ့။ သူအမြဲတမ်းဖွက်ထားတဲ့
သူ့ရဲ့ ပျိုတိုင်းကြိုက်မျက်နှာကို သူကိုယ်တိုင်ထုတ်ပြလာပြီ။ ရီလိုက်ရင် ပါးချိုင်းကလေး ခွက်နေတတ်တာကို
နေရီလေး ကျေးဇူးကြောင့်သာ အားလုံးကသိခွင့်ရခဲ့တာ။

Mahar Myaing ( မဟာမြိုင်)Место, где живут истории. Откройте их для себя