အပိုင်း ( ၈)
ကိုယ်ရံတော်အဖွဲ့ရဲ့ခေါင်းဆောင် ရာဇ မဟာအိမ်တော်ကို
ပြန်လာချိန်တွင် နေပျောက်လို့လထွက်နေပြီ။ သို့သော်
မဟာ၏အငယ်ဆုံးသခင်လေး မဟာရာဇဝင်ကတော့
လရောင်အောက်မှာအေးစက်စက်ကြီး။မဟာသည်
မကြာသေးခင်ကမှရောက်လာတဲ့သေနတ်တွေထဲက
တစ်လက်ကိုယူပြီး စမ်းသပ်နေသည်။မနက်မိုးလင်းရင် မင်္ဂလာပွဲဆင်နွှဲရမှာမလို့ အခုကတည်းက မင်္ဂလာရှိရှိနဲ့နေရမှာဆိုပေမယ့် မဟာကတော့
အမင်္ဂလာတွေချည်းဖန်တီးနေသည်။ မဟာက သစ်တိုင်တွင်ချည်ထားသော ကောက်ရိုးအရုပ်တွေကို တန်းစီပြီး
ပစ်ခတ်နေသဖြင့် အကုန်ပျက်စီးသွားချေသည်။ဒါတင်မက ဓားပါထုတ်ပြီး ဓားသိုင်းလေ့ကျင့်နေသည်။
အားလုံးရဲ့အသိစိတ်တွေထဲမှာ မဟာသခင်လေးဟာ
အရက်စက်ဆုံးနဲ့ အသည်းနှလုံးအမဲ့ဆုံး။ ဘယ်ကိစ္စမှဝင်မပါတိတ်ဆိတ်နေပြီး လာထိတာနဲ့ထိတဲ့လူကိုအသက်ပျောက်စေလို့ အားလုံးကမဟာကို အဆိပ်ပြင်းတဲ့မြွေ
လို့တောင် တင်စားကြသေးသည်။မဟာရဲ့ဓားလေ့ကျင့်ပုံတွေကြောင့် အိမ်စေတွေမှာ
မဟာအိမ်တော်၏ကွင်းပြင်နားတစ်ယောက်မှမဖြတ်ရဲကြ။ အတော်ဆုံးဖြစ်တဲ့ ကိုယ်ရံတော်တွေကလည်း
အဝေးကပဲအခြေနေရပ်ကြည့်နေလေသည်။ထိုအထဲတွင် ရာဇမပါ။ ရာဇက မဟာရှေ့ခုန်ဝင်ပြီး
အခုတ်ဘက်ကိုလာတဲ့မဟာ၏ဓားကို သူ့ဓားနဲ့ကာလေသည်။ ချက်ချင်းပါပဲ မဟာရဲ့ဓားသွားလိုထက်တဲ့
အကြည့်တွေဟာ ရာဇထံတန်းရောက်လာသည်။''သခင်လေးရဲ့ကျောက်စိမ်းလက်ကောက် ပျောက်နေတာများရှိလားခင်ဗျား''
မဟာ၏အေးစက်နေတဲ့မျက်ဝန်းတစ်စုံဟာ ချက်ချင်းအသက်ပြန်ဝင်လာသည်။
''မင်းဘယ်မှာတွေ့ခဲ့တာလဲ''
''မြင်းနက်တည်းခိုခန်းမှာပါ အလုပ်သမားတစ်ယောက်က
ဧည့်သည်အခန်းထဲဝင်ပြီးအစားအသောက်ပို့တဲ့အချိန်
တွေ့တာပါ ကျွန်တော့်ကိုလာတိုင်သွားလို့ သခင်လေးလက်ကောက်ဟုတ်မဟုတ် ကျွန်တော်လည်းပြန်တင်ပြရတာပါ''''ချက်ချင်းသွားမယ်''
မဟာသည်ဓားမြှောင်ကိုဓားအိမ်ထဲပြန်ထိုးထည့်ပြီး
ဓားရောသေနတ်ပါယူကာ မြင်းပေါ်ကိုတက်လေသည်။
အချမ်းသာဆုံးအိမ်တော်မို့ ကားတွေရှိနေသော်လည်း
မဟာကတော့လူတွေကြားထဲကားနဲ့သွားရတာနှေးတယ်ဆိုပြီး မြင်းပဲအမြဲစီးသည်။