2

80 14 0
                                    

Unicode

ရွှန်းရွှန်းဝေအောင်ကြည့်နေခဲ့ကြတဲ့ကျွန်တော်တို့တွေ။
တစ်လှမ်းခြင်း အတ္တကြီးစွာ
တိုးသွားမိသည်။ သူသည်အပြုံးမပြတ်ဖြင့်ကျွန်တော့်အားငေးကြည့်နေဆဲပါပင်။
နောက်္မဆုတ်တဲ့ခြေလှမ်းတွေရဲ့ဆန့်ကျင့်ဘက်
ကျွန်တော့်နားရောက်လာလေသည်။

အင်းသဘောကျလွန်းလို့ရူးမတတ်။ဖြတ်ခနဲ
ဘေးနားကနေလေပြေအနံ့မဟုတ်ဘဲ
ရေမွှေးနံ့သင်းသင်းနဲ့ ပြေးထွက်သွားသော
မိန်းကလေးတစ်ယောက်ရဲ့ကျောပြင်နှင့် သူ၏အကြင်နာ‌ေဆာင်‌ေသာလက်တို့သည် ထိကပ်သွားပါသည်။

" မဟုတ်ဘူး မဟုတ်ဘူးးး "

အလန့်လန့်အဖျပ်ဖျပ်အိမ်္မက္ ကနေနိုးလာမိသည်။
ညသည် ပူအိုက်လွန်း၍ဖြစ်မည်
ချွေးတွေနဲ့ရွဲနေတဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတစ်ချက်ကြည့်ရင်းစုတ်တစ်ချက်သပ်မိသည်။

အရမ်းစိတ်ပျက်ဖို့ကောင်းလွန်းသည်။
ညကမှောင်မိုက်ဆဲ ပြတင်းလေကိုခဏရှူရင်း
စိတ်ငြိမ်ငြိမ်ပြန်ထားမိသည်။
ကျေးဇူးပြုပြီးရပ်တန့်ပေးလို့မရတော့ဘူးလား။

" သားထတော့လေ ရေချိုး သင်တန်းချိန်နီးနေပြီမှတ်လား "

မနက်တွင်နေရောင်၏အရှိန်သည်ပြင်းလွန်းလှသည်။
အမေ့သံကိုမျက်လုံးမှိတ်ကာနားထောင်ရင်း
သင်တန်းချိန်ဟုအသံကိုကြားလိုက်သောအခါ
အမြန်‌ေကာက်ထလိုက်္မိသည်။
အဲ့ဒီ ချီးအိမ်မက္ ကြောင့်သာမဟုတ်ရင် သင်တန်းချိန်မှီခဲ့မှာ။

" နောက်ကျတာ အချိန်မလေးစားရာရောက်တယ်နော်"

‌ထပ်ပြီးတွေ့ကြပြန်သည်။
သင်တန်းအဆင်းစက်ဘီးထုတ်နေချိန်တွင်
အနောက်ကနေ စိတ်တိုချင်စရာကောင်းအောင်စကားလာစသည်။
အင်း...ဒီကောင်ဘဲ ဂျွန်ဂျောင်ဂုအရူး။

" ရန်လာစတာလား "

" ညကိုစောစောအိပ်မှပေါ့ "

ကျွန်တော့်စကားကိုပြန်မဖြေဘဲသူပြောချင်တဲ့စကားကိုဘဲဆက်ပြောသည်။
တစ်ဖက်လူစကားကိုအလေးမပေးတာ အတုံ့အပြန်ကောင်းကောင်းမရှိတဲ့ မယဉ်ကျေးလေး
နဲ့လာတွေ့နေရသည်။

Summer againWhere stories live. Discover now