6

46 13 0
                                    

Unicode

ဂျောင်ဂုဘက်္က သူနဲ့အတူ ကင်မ်ချီဘူးလိုက်ပို့မယ်လို့ မပြောခင်တစ်ရက်။

နေ့ခင်းကြောင်တောင် အိပ်ခန်းထဲသီချင်းဖွင့်ရင်း
ထယ်ယောင်းတစ်ယောက် ကလိုက် သီချင်းဆိုလိုက်
သန့်ရှင်းရေးလုပ်လိုက်နဲ့ အလုပ်တွေရှုပ်ပြီးရင်ရှုပ်နေတော့သည်။
တစ်ယောက်တည်းဗျာများနေမိတုန်း
ဝူဂျင်း ဆီကဖုန်းကော်လ်တစ်ကော်လ်ဝင်လို့လာသည်။

" ဖုန်းတွေဆက်နေတာ မိုးတွေရွာတော့မှာဘဲပြော...ငါ့ကောင် "

" မင်းစိတ်အခြေအနေပျော်နေတဲ့အချိန်မှ ငါသတင်းဆိုးပေးမိတာမဟုတ်ပါဘူးကွာ"

" ဘာတုန်း ဒါမှမဟုတ် ဟိုကောင်လား "

" အေးပေါ့ မင်း move on မနိုင်သေးဘူးမလား"

ထယ်ယောင်းစိတ်ခဏရှုပ်သွားပြီးဆံပင်ကိုလက်နဲ့ဖွာပစ်လိုက်သည်။
ဘာကိစ္စကြောင့် သူ့လိုလူကို မမေ့နိုင်သေးဘူးလို့ သူငယ်ချင်းတွေကထင်ကြေးပေးနေကြမှန်း
ထယ်ယောင်းမသိတော့ပါ။

" မင်းဘာလို့ ငါ့ကိုမမေ့နိုင်သေးဘူးလို့ထင်ရတာလည်း... ငါ့ဘက်ကအကုန်အဆင်ပြေပြေနဲ့ပြီးပြီ
ငါ့စိတ်နဲ့ငါငြိမ်းချမ်းနေခဲ့ပြီးသားပါ "

ကျွန်တော့်စိတ်တွေကအနည်ထိုင်နေခဲ့တဲ့ကော်ဖီလိုတောင်ဖြစ်နေခဲ့ပါပြီ။
လက်ရှိမှာ သဘောကျရတဲ့နွေဦးရာသီရှိတယ်။
အိမ်္မက္လမ်းကိုရည်ရွယ်တဲ့သင်တန်းကျူရှင်ရှိတယ်။ သစ်ပင်တွေကိုကြည့်ရင်းပြုံးတယ်။
ကော်ဖီဆိုင်ထိုင်တယ်။ပြီးတော့ဂျောင်ဂု.... အမြဲအမြင်ကတ်အောင်စတတ်ပြီးဆွံ့အစေဆဲ့စကားတွေကိုပြောတဲ့အဲ့ဂျွန်ဂျောင်ဂုအရူးလည်းရှိတယ်။
ဒီလောက်ဆိုသူ့အ အနေနဲ့ တော်ပါပြီ။

ကျွန်တော့်ရဲ့ကိုယ်ပိုင်ဇုန်လေးထဲမှာနစ်မြောနေမိရတာ ပျော်သည်။ကြွေစပြုနေတဲ့သစ်ရွက်ခြောက်လေး
တွေအချင်းချင်းပွတ်တိုက်သံကိုတီးတိုးကြားရတဲ့
လှပတဲ့နွေရဲ့နေ့ခင်းမှာ ပြီးခဲ့သမျှအတိတ်ဖြစ်ရပ်ဆီ နယ်ကျွံစေမိတာသိပ်ကိုစိတ်ရှုပ်စရာကောင်းခြင်းပါဘဲ။

" မေ့နိုင်သွားပြီပေါ့ "

အတန်ကြာမှထွက်လာတဲ့ဂျင်ဝူးစကား။

Summer againWhere stories live. Discover now