First love(u+z)

329 26 0
                                    

"ကျောင်းပြောင်းကျောင်းသား ဒီနေ့လာမယ်တဲ့"

"သူက ဆိုးလ်ကပြောင်းလာတာတဲ့"

"အရမ်းတော်မှာပဲ"

"တော်မှာပေါ့ဟဲ့ အရမ်းလဲချောတာတဲ့"

"ဟိဟိ ပျော်လိုက်တာ အချောလေး ငါတို့ကျောင်းလာမှာတဲ့"

မိန်းကလေးတွေ တီးတိုးတီးတိုးပြောနေသော စကားများအား ကြားရတော့ ပြုံးလိုက်မိသည်။ ချောတဲ့သူတွေဆို သဘောကျ ကျတာ လူတိုင်းပဲထင်ပါရဲ့……။

"ဟဲ့ ဟိုတယောက်နဲ့တူတယ်"

"ချောလိုက်တာဟယ်"

"မိုက်တယ်ဟ ပုံစံက"

"တကယ့် မင်းသားလေးပဲ"

မင်ဂူ သူတို့တွေရှေ့မှ ဖြတ်ကျော်လာခဲ့ရင်း သူ့အခန်းရှိရာ အဆောင်သို့ ခပ်မြန်မြန်ပဲလျှောက်ခဲ့ရင်း အခန်းတွေ့တော့ နောက်ဆုံးခုံမှာဝင်ထိုင်လိုက်သည်။ ဒီနေရာက တစ်ခုခုကို ခိုးဝှက်လုပ်ဖို့ အကောင်းဆုံးနေရာဖြစ်ပြီး အရပ်ရှည်သောသူ့အတွက် ဒီနေရာကအသင့်တော်ဆုံးဖြစ်သည်။

အတန်းထဲ မျက်စိဝေ့ကြည့်လိုက်တော့ လူတွေလဲစုံနေကျပြီဖြစ်သည်။ မိန်းကလေးတချို့က သူ့နေရာသို့ လှမ်းကြည့်လိုက် ခပ်တိုးတိုးဆိုကြလိုက်ကိုလဲ သူမြင်နေရသည်။

"ဆရာလာပြီ "

အရှေ့ဆုံးတန်းမှ ကောင်မလေးတစ်ယောက်ရဲ့အော်သံကြောင့်အတန်းရှိ လူအကုန်လုံး သူ့နေရာသူ ပြေးထိုင်ကျရင်း ယောက်ယပ်ခတ်နေရာကနေ  ငြိမ်သက်သွားကျလေသည်။

"အားလုံးပဲ  မင်္ဂလာပါဆရာက ဒီအတန်းကို တာဝန်ယူသင်ကြားမယ့် သချၤာဘာသာရပ်ဆရာ လီချန်းဖြစ်ပါတယ် "

"ဟုတ်ကဲ့ပါဆရာ"

"ကျောင်းသားတစ်ယောက် ပြောင်းလာတာ ကင်မင်ဂူနော်"

သူ့နာမည်ခေါ်သံကြားလိုက်သည်မို့ သူမတ်တပ်ထရပ်ကာ ဟုတ်ကြောင်းပြောပြရလေသည်။

"အတန်းထဲ မိတ်ဆက်ပေးပါဦး"

"အားလုံးပဲ ငါ့နာမည်က ကင်မင်ဂူပါ "

"ချောလိုက်တာဟယ်"

"အားလုံးတိတ်ကျရအောင် ဒါဆို ပထမဆုံးသင်ခန်းစာကိုပို့ချမယ်နော်"

Você leu todos os capítulos publicados.

⏰ Última atualização: Mar 08 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

First love(one shot)Onde histórias criam vida. Descubra agora