အဲ့ဒီနေ့နောက်ပိုင်းမှ စ၍ ဂင်မင်ဂယူကို ဆွန်းဂွမ် နေရာတိုင်းမှာ တွေ့ရပါတော့သည်။
ကျောင်းရောက်တာနှင့် ဆွန်းဂွမ်တို့အခန်းဝကြိုစောင့်နေကာ ဆွန်းဂွမ်ကို မြင်သည်နှင့် အပြေးလာပြီး လက်ထဲက နွားနို့ဘူးနှင့် ပဲပေါင်မုန့်ကို ထိုးပေးလိမ့်မည်။ ပြီးရင် ခေါင်းကိုပုတ်ပြီး "အရပ်ရှည်လာဖို့ ဘယ်လောက်ကျွေးမွေးရအုံးမှာလဲကွာ..."ဆိုပြီး ညည်းညူပြမည်။ ထိုအခါ ဆွန်းဂွမ်က မျက်စောင်းထိုးပြီး အခန်းထဲဝင်သွားလျှင် အနောက်ကနေ "မနက်စာစားဖြစ်အောင်စားနော်" ဆိုတဲ့ အသံကို ကြားဖြစ်အောင်ကြားရပါလိမ့်မည်။
နေ့လည်ထမင်းစားချိန်ဆိုရင်လည်း ဆွန်းဂွမ်ကို အခန်းရှေ့ကနေ လာဆွဲခေါ်ကာ လျှို့ဝှက်နေရာလေးကို ခေါ်သွားမည်။ ပြီးရင် မားမားကိုယ်တိုင်ချက်ပေးလိုက်တာဆိုပြီး ထမင်းဘူးလှလှလေးထဲက အရသာရှိတဲ့ဟင်းတွေကို ခွံ့မကျွေးရုံတမယ် ကျွေးမည်။
အစပိုင်းကတော့ ဆွန်းဂွမ်ရှောင်ဖို့ နည်းမျိုးစုံသုံးပြီး ကြိုးစားပါသေးသည်။ သူငယ်ချင်းမထားရဘူးဆိုတဲ့ကတိကို မေမေကြီးကိုပေးထားတာ သူမမေ့ရဲဘူးလေ။
ဒါပေမယ့် ဘယ်လိုလုပ်မလဲ....ကိုကိုဂင်မင်ဂယူက သူ့အပေါ် သူထင်ထားတာထက် အများကြီး အများကြီး ကောင်းပေးတဲ့သူလေ...သူတော့ မေမေကြီးကို ပေးထားတဲ့ကတိဖျက်ရတော့မယ် ထင်ပါသည်။
"ပေါက်စဂွမ်....ညနေကျ ကျောင်းလွှတ်ရင် ကိုယ့်ကို အချိန်နည်းနည်းပေးပါလားနော်..."
ဆွန်းဂွမ် မော့ကြည့်လိုက်တော့
"ဟို...ဒီနေ့ ကိုယ့်မွေးနေ့လေ အဲ့ဒါ ညနေကျ မင်းနဲ့အတူတူ မွေးနေ့လုပ်ချင်လို့ ကိုယ်စောင့်နေမယ်နော်..."
ပြောပြီးတာနဲ့ သူ့ခေါင်းကို တစ်ချက်ဖွကာထွက်သွားတဲ့သူကို ငေးရင်း ဆွန်းဂွမ်ရင်တွေခုန်လာခဲ့သည်။ ကိုကိုမွေးနေ့တဲ့။ ဘာလို့အခုမှပြောပြရတာလဲလို့။ သူ ဘာမွေးနေ့လက်ဆောင်မှတောင် မပြင်ဆင်ရသေးတာကိုလေ။ ဘူဆွန်းဂွမ် စဉ်းစားစမ်း ကိုကို့ကို ဘာမွေးနေ့လက်ဆောင် ပေးရမလဲလို့....။
YOU ARE READING
ဘေးအိမ်က ကိုကို
Fanfiction"ဟိတ် ချာတိတ် ခင်ချင်လို့..." "မခင်ချင်ပါဘူး..." "ဒါဆို ချစ်ချင်လို့...."