CH-102

394 44 1
                                    

အခန်း ၁၀၂ သနားစဖွယ် စုမူဖုန်း

  ကျွော့ချင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးသွားကာ ပြုံးနေလျက် "သခင်လေးစု"

  စုမူဖုန်းက ဘာမှ မထူးခြားသလို တည်တည်ငြိမ်ငြိမ် ပြန်ပြုံးပြလာပြီး "မင်း မေးချင်တာ မှန်သမျှ မေးလို့ရတယ်"

  ကျွော့ချင်းက နူတ်ခွန်းဆက်စကား ဖလှယ်ဖို့ ကြိုးစားနေတာကို ရပ်လိုက်ပြီး "မနေ့ညက အဖြစ်အပျက်ကို ရှင် သိလား"

 စုမူဖုန်းက သူ့ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းနေရင်း အေးအေးဆေးဆေးလေသံနဲ့ "မနေ့ညက ကျွန်တော်က မင်းကို တိုက်ခိုက်ခဲ့တယ်လို့ သူတို့က ပြောကြတယ်၊ ကျွန်တော်က နှလုံးတွေကို ခိုးယူနေတဲ့ အရူးတစ်ယောက်လို့လည်း ပြောကြတယ်"

ဒီလို အေးဆေးတည်ငြိမ်မှုမျိုးက အံ့သြစရာပါပဲ။ သူကိုယ်တိုင်တောင် ဘာတွေဖြစ်သွားမှန်း မသိပေမယ့် တစ်ခုခုက ဖြစ်ပျက်သွားခဲ့ပြီး ရုတ်တရက် သူ့ကို လူသတ်သမားလို့ စွပ်စွဲနေကြတယ်။ ဘယ်လောက်ပဲ အေးဆေးနေတက်သူ ဖြစ်ပါစေ အနည်းဆုံးတော့ သူ ငြင်းဆန်နေသင့်တယ်။

  ကျွော့ချင်းက သူမ၏တည်ငြိမ်မှုကို ပြန်ထိန်းထားလိုက်ရင်း "ရှင်ရော ဘယ်လိုထင်လဲ?"

  "ကျွန်တော် ဖြစ်နိုင်ပါတယ်၊ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော် မမှတ်မိတော့ဘူး၊ ဒါပေမယ့် ကျွန်တော် အိပ်ရာက နိုးလာတဲ့အခါ တရားရေး ဝန်ကြီးဌာနရဲ့ အကျဉ်းခန်းထဲမှာ ရှိနေတယ်၊ ဒါက ငြင်းလို့မရတဲ့ အမှန်တရားပါပဲ"

သူ အိပ်ရာက နိုးလာတဲ့အခါ အကျဥ်းထောင်ထဲမှာ ရှိနေတာကို သူ မအံ့သြပါဘူး။ နှစ်တွေကြာလာတာနဲ့အမျှ လွန်ခဲ့တဲ့နှစ်တွေအတောအတွင်းမှာ သူ ဘာတွေ လုပ်ခဲ့တယ်ဆိုတာကို သူ မမှတ်မိနိုင်ပေမယ့် သူ အိပ်ရာက နိုးလာရင် သူက ထူးဆန်းတဲ့ နေရာတစ်ချို့မှာ ရှိနေခဲ့တယ်၊ ပိုပြီးထူးဆန်းတာက သူ့ခန္ဓာကိုယ်မှာ နားမလည်နိုင်လောက်တဲ့ ဒဏ်ရာတွေ ရှိနေပြီး သူ့ကိုယ်သူ တစ်ခုခု မှားနေတယ်လို့ ခံစားမိပေမယ့် သူက လူသတ်တဲ့အရူးတစ်ယောက် ဖြစ်နေတယ်ဆိုတာကိုတော့ သူ မသိခဲ့ပါဘူး။  စုမူဖုန်းက ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိလိုက်ပုံရပြီး စိုးရိမ်တကြီးနဲ့ ကုယွင်ကို လှမ်းကြည့်လိုက်ပြီး ခဏအကြာတွင် သူ့မျက်နှာပေါ်တွင် တည်ငြိမ်သောအမူအရာတစ်ခု ပြန်ပေါ်လာသည်။ သူက "ကျွန်တော်က လူသတ်သမားလို့ မင်း ဆုံးဖြတ်ပြီးပြီဆိုရင် ဒေါ်လေးရှင်းကို လွှတ်ပေးနိုင်မလား?"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now