𝐏𝐚𝐫𝐭 - 1

389 49 13
                                    

ဆောင်းရဲ့အငွေ့အသက်တို့ပြည့်နေတဲ့ မနက်ခင်း။

ဝရံတာလက်တန်းပေါ်လက်တင်ကာ ကော်ဖီတစ်ခွက်ကိုကိုင်ထားရင်း ပျားပန်းခတ်အလုပ်ရှုပ်နေတဲ့ခြံထဲကအလုပ်သမားတွေကိုကြည့်နေမိသည်။

ဒီနေ့ကမာမီ့နှစ်ပတ်လည်နေ့ဖြစ်တာကြောင့် အိမ်ထဲမှာရောခြံထဲမှာပါ မာ့မီရဲ့လွမ်းဆွတ်တမ်းတအခမ်းအနားအတွက်အလုပ်ရှုပ်နေကြသည်လေ။

အငွေ့တထောင်းထောင်းထနေတဲ့ကော်ဖီခွက်ကိုလက်နှစ်ဖက်နှင့်ဆုပ်ကိုင်ထားပြီး သက်ပြင်းတစ်ခုချလိုက်သည်။

လက်ကနာရီကိုပြန်ကြည့်မိတော့ ကုမ္ပဏီသွားရမဲ့အချိန်ဖြစ်နေပြီးမို့ ကော်ဖီခွက်ကို ဘေးကစားပွဲလေးပေါ်တင်ရင်းဘောင်းဘီအိတ်ထဲလက်ထည့်ကာ အခန်းထဲကထွက်လာခဲ့လိုက်သည်။

လှေကားကိုတစ်ထစ်ချင်းဆင်းလာရာ အလယ်နားအရောက် အပေါ်ထပ်ကဆင်းလာတဲ့သူ့အသံကိုကြား၍ထင်သည် သူရှိရာနေရာသ်ို့လှမ်းကြည့်ရင်း နှုတ်ခမ်းနီကို နီရဲနေအောင်ဆိုးထားတဲ့နှုတ်ခမ်းကိုမဲ့ပစ်လိုက်သည့် အမျိုးသမီး။

ထိုအမျိုးသမီးဘေးမှာထိုင်နေတဲ့ သူ့ထက်2လသာငယ်သည့်ညီဟုမသတ်မှတ်ထားသော ဖအေတူမအေကွဲ ထယ်ယောင်း။

အရယ်အပြုံးမရှိလှေကားမှတစ်လှမ်းချင်းဆင်းလာတဲ့ခြေလှမ်းများက လှေကားရင်းကိုရောက်သည်နဲ့ ခပ်ဖြေးဖြေးဘဲဒယ်ဒီဆီသို့လျှောက်သွားကာ ဒယ်ဒီရှေ့ဝင်ထိုင်လိုက်သည်။

"ဒယ်ဒီ"

သူခေါ်တော့သတင်းစာဖတ်နေရာက သူ့ကိုမျက်လုံးလှန်ကြည့်လာသည့်ဒယ်ဒီက ဘာပြောမလို့လဲဆိုသည့်အမူအရာနှင့်။

"ကျွန်တော်ပြောစရာရှိတယ်"

လက်ချောင်းများကိုအချင်းချင်းယှက်ကိုင်ရင်း ပုံမှန်လေသံနှင့်ပြောလိုက်တော့ သူ့စကားကိုအလေးအနက်ထားဟန် ဖတ်နေစသတင်းစာကိုရှေ့ကစားပွဲပေါ်တင်ရင်းက သူ့ကိုပြန်ကြည့်လာသည်။

"ကျွန်တော် လူတစ်ယောက်ကိုလိုချင်တယ်"

သူ့အပြောကြောင့်ဒယ်ဒီကအနည်းငယ်အံ့ဩနေဟန်။
သူတစ်ခါမှ ဒယ်ဒီဆီကနေဘာဆိုဘာမှမတောင်းဆိုခဲ့ဖူးချေ။ပထမဆုံးတောင်းဆိုလိုက်တဲ့အရာကလည်း လူတစ်ယောက်ဆိုတော့ ဒယ်ဒီအံ့ဩတာဖြစ်သင့်ပါတယ်။

𝐋𝐎𝐕𝐈𝐍𝐆  𝐚𝐧𝐝  𝐅𝐈𝐆𝐇𝐓𝐈𝐍𝐆Where stories live. Discover now