𝐏𝐚𝐫𝐭 - 2

187 31 2
                                    

ရိုက်ကွင်းကိုရောက်တော့လည်း ဝန်ဘင်းတစ်ယောက်စိတ်နဲ့လူနဲ့မကပ်တာကြောင့် အလွဲလွဲအချော်ချော်တွေချည်းဖြစ်နေရသည်။

Cut ! 🎬

" ဝန်ဘင်းရှီ ဒီနေ့ စိတ်အခြေနေမကောင်းလို့လား ... အဆင်မပြေသေးရင် ရိုက်ကူးရေးကိုမနက်ဖြန်ရွှေ့ကြတာပေါ့ ... ကျွန်တော်တို့ကအဆင်ပြေတာမို့ ဝန်ဘင်းအဆင်ပြေသလိုလုပ်ပါ "

ဒါရိုက်တာရဲ့အပြောကြောင့် ဝန်ဘင်းစိတ်ထဲကဝန်ထုပ်ဝန်ပိုးကြီးကပိုဆိုး၍လာသည်။

* စလာပြီ သူ့ဘဝအတွက်အဆင်မပြေမှုတွေ ခက်ခဲမှုတွေစလာပြီ ... ဒါတွေအားလုံးကဟိုကောင်တစ်ယောက်ထဲကြောင့်ဘဲ ... အား စိတ်ရှုပ်လို့သေတော့မှာဘဲ *

ဆံပင်တွေကိုခပ်ကြမ်းကြမ်းဆွဲဖွပြီး မန်နေဂျာဟျောင်း လာပေးတဲ့ရေဘူးကိုဖွင့်၍တစ်ငုံသောက်လိုက်သည်။

စိတ်အခြေအနေတွေကရှုပ်ထွေးပြီးတော်တော်အဆင်မပြေဖြစ်နေတာကြောင့် အိမ်ပြန်ပြီးနားချင်ပေမယ့် သူ့ရဲ့အိမ်ကအခုဘယ်မှာလဲ။

အဖေကသူ့ကိုကြိုဆိုနေမှာမဟုတ်သလို ငရဲခန်းနဲ့တူတဲ့အိမ်ကိုလည်း မပြန်ချင်ပါ။

သို့ပေမယ့် နောက်ဆုံးရွေးချယ်စရာမရှိသည့်တိုင် ဒီဘူတာဘဲဆိုက်ရသည်ဘဲမဟုတ်ပါလား။ ပြန်ရမှာပေါ့ ဘယ်လိုဘဲ မွန်းကြပ်စရာကောင်းတယ်ဆိုဆို ဟိုလူရဲ့အိမ်ကိုပြန်ရမှာဘဲမလား။

ခဏ ... အွန်းဆော့ဟျောင်းရှိတာဘဲ ဟုတ်သားဘဲ အွန်းဆော့ဟျောင်းရဲ့အိမ်မှာ ခဏသွားနေရင်ဖြစ်တာဘဲ ...

အတွေးတို့နှင့်အတူ ဟျောင်းဆီ ဖုန်းဆက်ရင်း ဟျောင်းရဲ့အိမ်ကိုဘဲတန်းသွားလိုက်သည်။ အခန်း pwကသိပေမယ့် ဘယ်လိုဘဲ ညီအစ်ကိုလိုနေတယ်ပြောပြော စည်းတစ်ခုတော့ထားရမယ်မဟုတ်လား ။

ကွန်ဒိုကိုရောက်တာနဲ့ အခန်းထဲဝင်ပြီး ဆိုဖာပေါ်သို့စိတ်လွတ်ကိုယ်လွတ်လှဲချလိုက်သည်။

" ပင်ပန်းလိုက်တာ "

မျက်လုံးများကိုမှိတ်ထားပေမယ့် အိပ်မပျော်မယ့်အတူတူ ဖုန်းကိုဖွင့်ကာ လိုင်းသုံးနေလိုက်သည်။

𝐋𝐎𝐕𝐈𝐍𝐆  𝐚𝐧𝐝  𝐅𝐈𝐆𝐇𝐓𝐈𝐍𝐆Where stories live. Discover now