𝐏𝐚𝐫𝐭 - 5

233 33 2
                                    

" မတွေ့တာကြာပြီ ငါ့ကောင်ကြီးရာ အဆင်ပြေရဲ့လား "

တွေ့တာနဲ့ ဖက်လှဲတကင်းနှုတ်ဆက်လာတဲ့ ဆွန်းဟန်က ကြားထဲအဆက်အသွယ်သိပ်မရှိသည့်တိုင် သူ့အပေါ်အရင်လိုရင်းနှီးမြဲ။

" ဒါပေါ့ မင်းရော အဆင်ပြေရဲ့လား "

" ပြေပါတယ်ကွာ "

" မင်းကို surprise တိုက်မလို့စီစဉ်ထားကာမှ mallတစ်ခုမှာ ဆောင်ချန်းဟျောင်းနဲ့တွေ့သွားလို့လေ "

အရယ်တစ်ပိုင်းနဲ့ပြောလာတဲ့ ဆွန်းဟန်ကသူ့ထက်နည်းနည်းကြီးပေမယ့် တော်တော်လေးရင်းနှီးတဲ့လူတွေဖြစ်တဲ့အပြင် သူနဲ့ပေါင်းလို့ရတဲ့တစ်ဦးတညိးသောသူမို့ ပေါ့ပေါ့ပါးပါးသာပြောဆိုကြသည်။

" ထိုင်လေ "

ဧည့်ခန်းကခုံပေါ်ကို ညွှန်ပြတော့ ဝင်ထိုင်တဲ့ ဆွန်းဟန်က သူ့ကိုလေးလေးနက်နက်ကြည့်လာသည် ။

" ချန်းယောင်း မင်းအဆင်ပြေရဲ့လား "

ကြည့်ရတာ ဟျောင်းက သူ့အကြောင်းပြောပြထားသည် ထင်သည် ။ ဆွန်းဟန်နဲ့သူဘယ်လောက်ရင်းနှီးလဲ သိသည့်တိုင် ဟျောင်းကလည်း ဆွန်းဟန်အပေါ်စိတ်ချသည်မို့ ဒီလိုမေးပုံထောက်တော့ သူနဲ့ဘင်းအကြောင်း ဆွန်းဟန်သိသွားသည်မှာ သေချာသည် ။

ဘယ်လိုပြန်ဖြေရမှန်းမသ်ိသည်မို့ ပြုံးရုံသာပြုံးပြမိတော့ ဆွန်းဟန်က စိတ်မကောင်းစွာကြည့်လာသည်။

" ဒါနဲ့ နောက်နေ့ကျရင် ငါ့ကောင်လေးနဲ့မင်းကိုမိတ်ဆက်ပေးမယ် "

စကားလမ်းကြောင်းလွှဲသွားတဲ့ ဆွန်းဟန်က ရယ်ရယ်မောမောဖြင့်ပြောနေပေမယ့် သူကတော့ အံ့ဩနေရသည်။ ပြောရရင် ဆွန်းဟန်က လူဂွစာဖြစ်ပြီး ပေါင်းသင်းရတာ လက်ပေါက်ကပ်သည်။ ဒါကြောင့်လည်း သူနဲ့ပေါင်းဖြစ်တာဖြစ်ပြီး နှစ်ယောက်သားရဲ့အကျင့်က အပြင်ပိုင်းကနေကြည့်ရင်သာဆန့်ကျင်ဘက်ပေမယ့် တကယ်တမ်းပေါင်းကြည့်မှ စိတ်ချင်းလည်းတော်တော်တူသည် ။ ပိုပြီးတူတဲ့အချက်ကတော့ နှစ်ယောက်လုံးက ဇီဇာကြောင်ခြင်းပင်ဖြစ်သည် ။

" ကောင်လေး ? "

" ??? "

သူ့နည်းတူ ဘေးကနေဘာမှဝင်မပြောဘဲ ထိုင်နေတဲ့ ဆောင်ချန်းဟျောင်းကလည်း အံ့ဩနေဟန်။

You've reached the end of published parts.

⏰ Last updated: Apr 20 ⏰

Add this story to your Library to get notified about new parts!

𝐋𝐎𝐕𝐈𝐍𝐆  𝐚𝐧𝐝  𝐅𝐈𝐆𝐇𝐓𝐈𝐍𝐆Where stories live. Discover now