Part ( 3 )

773 130 24
                                    

     လီဆာ အသက်၁၈နှစ်ပြည့်မွေးနေ့။ တစ်နည်းဆိုသော် မင်္ဂလာပွဲကျင်းပမည့်နေ့ ။

        " လီဆာရာ ဘယ်လိုဖြစ်နေတာလဲ ထိုင်လိုက််ထလိုက်နဲ့ ငြိမ်ငြိမ်လေးနေစမ်းပါ "

          အိန္ဒြေမရဖြစ်နေသော လီဆာ့ကိုမျက်စိနောက်လာတာကြောင့် ဆိုမီ ပိတ်ဟောက်ပစ်လိုက်သည်။ မိဘတွေပေးစားလို့ယူရတယ်ဆိုပြီး ဂျဲန်းနီကင်မ်နဲ့ပတ်သက်ရင် သဲသဲလှုပ်ဖြစ်နေတာများ အမြင်ကပ်စရာ။ မချစ်ဖူးလို့ပြောတာလည်းသူ ဂျဲန်းနီကင်မ်နဲ့ပတ်သက်ရင် အရိပ်ကလေးကအစ စိတ်ဝင်တစားရှိလှတာလည်းသူပဲ ဖြစ်သည်။

         " ငါစိတ်လှုပ်ရှားနေလို့ပါဟ အခုမှ မင်္ဂလာဆောင်ဖူးတာဆိုတော့ စိတ်တွေဂနာမငြိမ်ဖြစ်နေလို့"

       " အော်...ပြောနေပုံကိုက မသိရင်ပဲ အစ်မဂျဲန်းနီက ခဏခဏ မင်္ဂလာဆောင်ဖူးနေသလိုနဲ့"

      " နင်အသာနေစမ်းပါ ဆိုမီရယ် အဲ့ဒီအမျိူးသမီးကလည်း အလှပြင်တာကြာလိုက်တာ ငါသွားကြည့်လိုက်ဦးမယ်"

       " ဟဲ့...နေဦးလေ..."

      ဆိုမီ့မှာတားချိန်တောင်မရှိ လှစ်ခနဲပြေးထွက်သွားသည့်လီဆာ့ကြောင့် မတ်တပ်ရပ်ကာသာကျန်နေခဲ့လေသည်။

       ငယ်ငယ်လေးကတည်း တစ်ဖက်သတ်ချစ်ခဲ့ရသည့် လာလီဆာမာနိုဘန်ဆိုသည့် ကလေးနှင့်အိမ်ထောင်ပြုရမည့်နေ့ဖြစ်သည်။ စိတ်မလှုပ်ရှားဘူးဆိုရင် ဂျဲန်းနီလိမ်ရာကျမှာပေါ့။ ဒီနေ့လေးရောက်လာဖို့အနှစ်နှစ်အလလ စောင့်ဆိုင်းနေခဲ့ရတာ။

         ဂျဲန်းနီ အသက်၁၆ နှစ်အရွယ်တုန်းက စပြီးတွေ့ခဲ့ရသည့်ကလေးက ဂျဲန်းနီနှင့်လက်ထပ်ရတော့မည်ဖြစ်သည်။

         " မမ... လီလီနဲ့ခြံထဲမှာ သွားဆော့ကြရအောင်"

         ပါးရဲ့သူငယ်ချင်းဖြစ်သူအိမ်ကိုအလည်အပတ်သွားတော့ အန်ကယ်မာနိုဘန်ရဲ့သမီးလေးက ဂျဲန်းနီရဲ့ဘေးနားကိုကပ်လာပြီး ကစားဖို့လာခေါ်တာနဲ့ဂျဲန်းနီလိုက်လာခဲ့သည်။

  
            " လီလီက ထပ် ပုန်းမယ်... မမကလိုက်ရှာ...ဒီတစ်​ခါတော့အလွယ်တကူရှာမတွေ့စေရဘူး "

နတ်သမီးပုံပြင်Where stories live. Discover now