🌿 အပိုင်း-၇ 🌿

172 7 0
                                    

Unicode

သူမဟာ
ခရစ်ယာန်တစ်ယောက်မို့
ဘုန်းကြီး တရားပေးနေစဉ်
ကျောင်းအောက်သို့ ဆင်းလာမိသည်။

စောနက
Daddy ဆီက တောင်းထားတဲ့
စီးကရက်ကို မီးညှိလိုက်ပြီး
သူမ ခပ်ပြင်းပြင်း ဖွာနေလိုက်၏။

"မမပေါ်ထားတဲ့ ချစ်ခြင်းတွေ
ဆေးလိပ်ငွေ့နဲ့ အတူ ပျောက်ကွယ်ပါစေသား."
ဘေးနားတစ်ဝိုက်မှာ ဘယ်သူမှ မရှိသည်မို့ သူမ အသံထွက်ကာ ဆုတောင်းမိသည်။

"မမကို ကျွန်တော် မချစ်ရဘူး.."

အတိတ်သို့..
လဲ့ရှင်မြိုင် ခြေလှမ်းတို့ တက်ကြွနေသည်။

မနက်ကိုးနာရီ ထိုးဖို့ နာရီဝက်တောင် လိုသေးသော်လည်း သူမ စောစောကလေး စာအုပ်ဆိုင်သို့ ဦးတည်မိသည်။
ကိုကိုမသိအောင် ခိုးလုပ်ရတဲ့ ကိစ္စမို့
နောက်ကျော မလုံတစ်လုံ။

စာအုပ်ဆိုင်သို့ သူမ ရောက်သွားပြီး
ထို ချစ်စရာ မြန်မာ အမျိုးသမီးကို တွေ့ခဲ့သော ထိုင်ခုံလေး၌ ထိုင်‌ေနမိသည်။

(အင်္ဂလိပ်လို ထည့်မရေးတော့ဘူးနော်)

"အို...မင်း အစောကြီးရောက်နေတာပဲ"
ဘယ်လောက်မှ ထိုင်မစောင့်ရသေးဘဲ
သူမရှေ့ကို ညှို့နမ်း ပေါ်လာသည်။

"ဟုတ်...ကျွန်တော် စိတ်လှုပ်ရှားနေလို့"
(အင်္ဂလိပ်လို ပြောတာနော်)

"ထိုင်ပါကွယ် မတ်တပ်ထစရာမလိုပါဘူး.."
ထို အမျိုးသမီးကို တွေ့တော့ နှိမ့်ချလိုစိတ်တွေ ပေါက်လာသော သူ့ကိုသူ ရှင်မြိုင်
ပြန်ရယ်မိသည်။

"မင်း နံမည် ဘယ်လိုခေါ်လဲ.."
သူ့ရှေ့မှာ ထိုင်နေ‌တဲ့
အမျိုးသမီးက ညင်သာစွာမေးတော့
မပီကလာပီကလာနှင့် မြန်မာနံမည်ကို ထုတ်ပြောလိုက်သည်။

"လဲ့ရှင်မ်မြိုင်င်.."

"အော်...လဲ့ရှင်မြိုင်လား နံမည်လေးလှတယ် အင်္ဂလိပ်နံမည်ကော ရှိလား.."

"Meave.."

"Aww.."

"ဆိုတော့ ကျွန်မက
ရှင့်ကို ဘယ်လိုခေါ်ရမလဲ.."

လဲ့ရှင်မြိုင် သူမရဲ့ လွယ်အိတ်သေးသေးလေးထဲမှ note book လေးကို ထုတ်ကာ လက်ရေးရှင်းရှင်းလေးနှင့်
"အရှင်"ဟုရေးသည်။
အရှင်ဆိုသည်မှာ သူ၏ ကိုကို သူ့ကိုစသော နံမည်ဖြစ်ပြီး အသေမဟုတ်ဟုလည်း ဆိုတတ်သေးသည်။

မောင့်ရဲ့ လိုရာအတိုင်း/ မောင့်ရဲ့ လိုရာအတိုင်း(Complete) Where stories live. Discover now