🍃 အပိုင်း ၁၄ 🍃

146 12 0
                                    

Unicode

"ကျွန်တော် ကျွန်တော် မမကို.."

"ဗျို့ ဧည့်သည်...
သဇင်ပန်းကြိုက်တတ်လားဗျ.."
သဇင်ပန်းခိုင်ကြီးကို ကိုင်လာ၍
သူမတို့နား လျှောက်လာသော ကိုခမ်းနောင်။

"ကြိုက်သလိုပါပဲ..."
ရှင်မြိုင် မရေရာတဲ့ အဖြေတစ်ခုပေးမိသည်။

"ဒါ ဒီက ဧည့်သည်ဖို့ပါ..
လက်ခံပါနော်..."
မျက်လုံးဝိုင်းကလေးများနှင့်
‌ပန်းခိုင်ကြီးကို ရှေ့ကို တိုး၍ ပေးလာသော ခမ်းနောင်။

ရှင်မြိုင် ပြုံးလိုက်သည်။

"ကျေးဇူးပါရှင်....ကျွန်မတို့ ပြန်ဦးမယ် အကို.။နောက်မှ တွေ့ကြတာပေါ့.."
ပန်းခိုင်ကို ယူလိုက်ပြီး
ရှင်မြိုင် နှုတ်ဆက်ကာ ထွက်သွားတော့ ဖိုးနေ ဆူပုတ်နေရာမှ ရှင်မြိုင်နောက်သို့ လိုက်သွားသည်။

ကိုခမ်းနောင်
သဇင်ခြံထဲ၌ ပြုံးပြုံးကြီး ကျန်ခဲ့၏။

"ဘာလို့ ယူတာလဲ မမ."
လမ်းတစ်ဝက်ရောက်မှ စကားစလာသူမှာ ဖိုးနေ။

"သူက ပေးတာပဲ မယူလို့ကောင်းမလား.."

ဖိုးနေကို ကြည့်ရင်း ပြောလိုက်သည်။
ဖိုးနေမျက်နှာမှာ ဒေါသအရိပ်အယောင်လေးနှင့်။

"မင်း သဇင်ပန်းကြိုက်တယ် မဟုတ်လား
ရော့..."
ရှင်မြိုင်လက်ထဲရှိ ပန်းခိုင်ကြီးကို ဖိုးနေလက်ထဲ ထိုးထည့်ပေးလိုက်သည်။

"ကျွန်တော့်ကို မပေးနဲ့နော် မမ
ကျွန်တော် လွှတ်ပြစ်မှာ...."

"တကယ်လား...."

"အင်း..."

ရှင်မြိုင် ဒေါသထွက်မနေပါ။
သို့ပေမဲ့ လွန်တရာ တန်ဖိုးကြီးသော သဇင်ပန်းခိုင်ကြီးအား သူမ ညှာတာမှုမရှိ လွှတ်ပြစ်လိုက်သည်။

"ဟာ...."
ဖိုးနေ အံ့ဩသလိုဆိုသည်။

"လာသွားမယ်.။။။"
စကားဆုံးဆုံးချင်း အပြုံးတစ်ခု။
မစစ်မှန်သည့် အပြုံး။

ရှင်မြိုင်ကို ဖိုးနေ နားမလည်နိုင်အောင် ရှိသည်။

'မမမြိုင် ဒေါသထွက်နေတာလား'

'မမကို ပြန်ယူစေချင်လို့ သူပြောလိုက်တဲ့ စကားကို မမက တမင်လုပ်လိုက်တာလား။
ပန်းကို မလိုချင်တော့လို့လား။'

မောင့်ရဲ့ လိုရာအတိုင်း/ မောင့်ရဲ့ လိုရာအတိုင်း(Complete) Where stories live. Discover now