နံရံတွင် ချိတ်ဆွဲထားသော နာရီလက်တံကို တချက်ကြည့်ကာ ကျန်းဟောင့်တစ်ယောက် သက်ပြင်းချမိသည်။
ည၁၀နာရီကျော်နေပြီ ဟန်ဘင်းအခုထိပြန်မလာသေး။
တစ်ခုခုများဖြစ်လို့လားဆိုတဲ့စိုးရိမ်စိတ်ကလဲ လွှမ်းမိုးနေသလို ဖုန်းဆက်တော့လဲဖုန်းမကိုင်။
ခြောက်ခြောက်လေးဖြစ်နေပြီဖြစ်သည့် ကင်မ်ချီထမင်းကို တချက်ကြည့်ကာ ပြန်နွှေးရန် မီးဖိုပေါ်သို့ တင်လိုက်သည်။
မီးဖိုခလုတ်ဆီ နှိပ်ရန်အပြင်......
တင်!
ဖုန်းမှ စာဝင်သံကြောင့် ဖုန်းကိုချက်ချင်းဖွင့်ကြည့်လိုက်သည်။
#ကျွန်တော် အရေးကြီးကိစ္စလေးရှိလို့ မိုးချုပ်မှပြန်ရောက်မှာ နောက်နေ့မှပဲ ကင်မ်ချီထမင်းစားမယ်နော်#
"ကျစ်!"
ကျန်းဟောင့် မီးဖိုပေါ်တင်ထားတဲ့ ဒယ်အိုးထဲက ထမင်းတွေကို ခပ်မြန်မြန်နွှေးလိုက်ပြီး စားပွဲပေါ်သာ တင်ထားလိုက်သည်။
ပြန်လာလိုဟန်ဘင်း ဗိုက်ဆာနေရင် စားလို့ရအောင်လို့ပေါ့။
~~~
#ကျန်းဟောင့် ဟန်ဘင်းအိမ်မှာရှိလား#
ရစ်ခီ့ဆီက ဖုန်းဝင်လာတာကြောင့် ကျန်းဟောင့်ကိုင်လိုက်သည်။
မဆီမဆိုင် ဟန်ဘင်းအကြောင်းမေးလို့ အနည်းငယ် ကြောင်သွားသည်။#မရှိဘူး အရေးကြီးကိစ္စရှိလို့ဆိုပြီး ပြန်မလာသေးဘူး#
#ငါအခု _______ စားသောက်ဆိုင်မှာ ဟန်ဘင်းနဲ့ ခပ်ငယ်ငယ်အမျိုးသမီးတစ်ယောက်အတူ ညစာစားနေတာတွေ့တယ်#
#ဟမ် ဟုတ်လို့လားရစ်ခီရယ်#
ကျန်းဟောင့်ကိုပဲဟန်ဘင်းက အရာအားလုံးထက် ဉီးစားပေးတာလေ အခုလို ကျန်းဟောင့် လုပ်ပေးထားတာမစားဘဲ အပြင်မှာ အမျိုးသမီးတစ်ယောက်နဲ့ ဆိုင်မှာစားနေတာမဖြစ်နိုင်ပါဘူး။
#ငါဓာတ်ပုံရိုက်ပြီးပို့လိုက်မယ်#
ရစ်ခီ့ဘက်မှ ထိုစကားပြောကာ ဖုန်းချသွားသည်။