P - 5

371 43 5
                                    

ဒီနေ့ည ချွဲအိမ်တော်တွင် ပါတီတစ်ခုရှိသည်။
ဆောင်းဟန်ဘင်းကိုဖိတ်တာသာမက မဆီမတိုင်ကျန်းဟောင့်ကိုပါဖိတ်ခေါ်သည်။

ဟန်ဘင်း ထိုအကြောင်းကို ကျန်းဟောင့်အားပြောတော့ နှစ်ခါပြောစရာတောင်မလို တစ်ခါတည်းနဲ့ လက်ခံသည်။

အမှန်တိုင်းပြောရရင် ဟန်ဘင်း ကျန်းဟောင့်ကို မလိုက်စေချင်ပါ။စီးပွားဘက်တွေထဲမှာ နှာထတဲ့ အဘိုးကြီးတွေအများကြီးရှိတာကြောင့် စိတ်မချ။

သို့သော် "မရဘူးနော်ဟန်ဘင်း ငါလိုက်မှာ"
‌ဆိုတာကြီးပဲ။

ဟန်ဘင်း သူ့အလုပ်သမားတွေကို ကျန်းဟောင့်အတွက် အဆင်ပြေစေမယ့် အဝတ်ကို ရွေးချယ်ပေးရင် စေခိုင်းလိုက်သည်။

ထို‌ပေါက်စက Suitကိုမှ အဖြူရောင်ပဲဝတ်မယ်ဆိုကာ ကျီတိုက်နေပြန်သည်။
ပြောမရတဲ့အဆုံး ဟန်ဘင်း ကျန်းဟောင့်ဆန္ဒကို လိုက်လျောပေးလိုက်သည်။

သူက အနက်ရောင် suit ၊ကျန်းဟောင့်က အဖြူရောင် suit။နှစ်ယောက်သား မိုးနဲ့မြေလိုကွာခြားနေပေမယ့် အတွဲညီသလိုခံစားရပေ။

အမှောင်နတ်သားနဲ့ အလင်းနတ်သား(⁠✿⁠^⁠‿⁠^⁠)

~~~

ပါတီပွဲကို ခဏနေသွားရတော့မှာမို့ ကျန်းဟောင့်တစ်ယောက် သူ့အတွက်ပြင်ဆင်ပေးထားတဲ့ အဖြူရောင် suitလေးကိုဝတ်ဆင်လိုက်သည်။

ဆံပင်ကိုတော့ ဟန်ဘင်းရဲ့ဝန်ထမ်းတွေက ကြည့်ကောင်းအောင်ပြင်ဆင်ပေးသည်။

//လုံးဝ perfect ပဲကွာ ငါအဲ့လောက်ချောမှန်းမသိခဲ့ဘူး//

သူ့ရှေ့ကမှန်ကိုကြည့်၍ ကျန်းဟောင့်တစ်ယောက်ပြောလိုက်ခြင်းဖြစ်သည်။

Ring ring

#ဟယ်လိုဟန်ဘင်း#

#ကျွန်တော်ကားတစ်စီးလွှတ်လိုက်တယ် ကျန်းဟောင့် အဲ့ကားနဲ့လိုက်ခဲ့လိုက်နော် ကျွန်တော်က ပါတီရောက်နေပြီ#

#အိုကေဟန်ဘင်း#

ခဏနေတော့ ဟန်ဘင်းလွှတ်ပေးထားတဲ့ကားအိမ်ရှေ့သို့ ဆိုက်ရောက်လာသည်။

ကျန်းဟောင့် ကားနောက်ခန်းသို့တက်ကာ ပါတီပွဲသို့ ထွက်ခွာလာခဲ့သည်။

𝗭𝗛𝗔𝗡𝗚𝗛𝗔𝗢 𝗜𝘀 𝗠𝗶𝗻𝗲 Where stories live. Discover now