တာဝန်

92 12 7
                                    

Unicode

နှစ်နှစ်ဆယ်ကြာပြီးနောက်

အယုဒ္ဓယတိုင်း

ရွှေနန်းတော်

' အထိန်းတော်ချုပ် '

' မှန်ပါ့ အရှင်မင်းမြတ် '

' ကိုယ်တော့်သားကြီးဖို့ဘယ်မလဲ '

' မကြာခင်ဖြစ်ပွားတော့မယ့် သီရိဟန်သာတိုင်းနဲ့ စစ်ပွဲအတွက်လေ့ကျင့်နေပါတယ်ဘုရား '

' အင်း အကိုတော်စီရာထီစီကရော ဘာများသတင်းထူးသလည်း '

' သီရီဟန်သာစစ်တပ်ဟာမြို့ရိုးပတ်လည်ကင်းပုန်းချထားပါတယ်တဲ့ဘုရား '

' ဒီစစ်ပွဲဟာကိုယ်တော်တို့နဲ့တိုက်ရိုက်မပတ်သတ်ပင်မယ့် အကိုတော့်အတွက်ဆိုတော့ကိုယ်တော့်မှာတာဝန်ရှိတယ် '

' စိတ်မပူပါနဲ့အရှင် မင်းသားကြီးဟာဒီအရေးကိုအောင်မြင်အောင်စွမ်းနိုင်ပါလိမ့်မယ် '

' ငါကိုယ်တော်ယုံလို့ပဲသားတော်ကိုရှေ့ထွက်ခိုင်းရတာပေါ့ကွယ် '

လေ့ကျင့်ကွင်းတွင်

အသက်နှစ်ဆယ်ပြည့်သောယောကျာ်းသားပီပီငယ်ဂုဏ်တို့ထင်းထွက်နေသည့်ရင်အုပ်ကျယ်ကျယ်

သင်းပျံသောဂုဏ်သတင်းတို့နှင့်အတူ
ဣတ္ထိသ(မိန်းမပျို)တို့အသည်းစွဲ

ဘုရင်မင်းမြတ်၏အကြီးဆုံးသားတော်
ဖို့နတ်ထဝက် ဂျီရိုထိခွန်

ဖို့ လာမယ့်စစ်ပွဲအတွက်လေ့ကျင့်နေရင်းမလှမ်းမကမ်းမှာမြင်လိုက်ရသည့်

ကြင်ယာလောင်း ငယ်ချစ်ဦး ဖြစ်သူ
နန်စီ ထီရာဝတ်ကိုတွေ့လိုက်ရသည်မို့ပြုံးပြလိုက်ရင်းလေ့ကျင့်ရေးကိုရပ်နားလိုက်သည်

' နှမတော် ကိစ္စထွေထူးရှိသလား '

' မရှိပါဘူးမောင်တော်ရယ် နှမကမောင်တော်လေ့ကျင့်ရေးဆင်းနေတယ်ဆိုတာနဲ့လာတွေ့တာနောက်ဆိုဘယ်နှရက်ဘယ်နှလကြာမှတွေ့ရမလည်းမှမသိတာ '

' ပူစရာမရှိနှမရယ် ဒါအသေးမွှားစစ်ပွဲတစ်ခုပါ '

' ချစ်တယ့်သူမို့ စိတ်ပူမိတာအပြစ်တယ့်လားမောင်တော် '

The EmperorWhere stories live. Discover now