ကြိုးနီ

62 10 2
                                    

Unicode

ထီရခွန်တိုင်းမှအယုဒ္ဓယကိုပြန်လာသည့်လမ်းတစ်လျှောက်
အိမ်ရှေ့စံငယ်လေးဟာမျက်နှာမသာယာလှချေ
မဟာဆန်စွာလှပလွန်းသည့်မျက်နှာနုနုကငြိုးနွမ်းစွာ

' အရှင့်သား '

' ပြောပါအကိုမတ်ခ်(Mark) '

' ဟိုအိမ်ရှေ့စံလေးကြည့်ရတာမရွှင်မလန်းနဲ့ ဘာများစိတ်ထိခိုက်နေသလည်းမသိဘူး '

' ဟုတ်ပါရဲ့ ဖြူအုအုမျက်နှာလေးကမှိုင်းညို့နေတာပဲ '

' ဟမ် '

' အော် ဟိုဟာ မျက်နှာလေးကညိုးနေလို့ပါ '

' ဖြစ်နိုင်တာတော့စုလျားရစ်ပတ်မယ့်ကိစ္စပဲထင်ပါရဲ့ '

' ဒါကဘာများစိတ်မချမ်းမြေ့စရာရှိသလည်းအကို ခမည်းတော်လိုလူမျိုးကိုအကြင်ခင်ပွန်းတော်ရမှာဘာများနစ်နာလို့လည်း '

' အရှင့်သားပြောတာမှန်ပါတယ် သို့ပေတယ့် ဣထိသမိန်းမပျိုတို့တောင် အခုလိုဆက်သခံရတယ့်အခါချစ်ဦးသူရှိသပဆိုကြေကွဲရတာပဲမလား အိမ်ရှေ့စံလိုပုရိသယောကျာ်းတစ်ယောက်ဟာကြင်ယာအဖြစ်တော်ကောက်ခံရတယ်ဆိုရင် '

အကို့ထံမှစကားများထွက်မလာတော့ပင်မယ့်
နောက်ဆက်တွဲအဓိပ္ပါယ်တွေကို ဖို့ နားလည်ပါပြီလေ

ဟုတ်ပါရဲ့

တိုင်းပြည်အတွက်စွန့်လွှတ်ရခြင်းမှာ
ထိုအိမ်ရှေ့စံလေးရဲ့နှလုံးအိမ်ဟာ
အရင်းအမြစ်ဖြစ်နေပြီမလား

အို သနားစဖွယ် ကြာငယ်

' အရှင့်သား '

ရဲမက်တစ်ဦးရဲ့ခေါ်ဆိုမှုကြောင့်မေးမိတော့

' ကြင်ယာလောင်းဟာခရီးတစ်ထောက်နားချင်ပါတယ်တဲ့ဘုရား '

' အင်း ခရီးလည်းကြာပြီ သူလည်းပင်ပန်းရောပေါ့ ကဲ! ခရီးတစ်ထောက်နားကြစို့ဟေ့ '

' ကြင်ယာတော် '

' အမောင် '

' ဟင် '

အိမ်ရှေ့စံလေးအတွက်ဘာများစီစဥ်ပေးရမလည်းမေးဖို့ခေါ်လိုက်ပင်မယ့်

ထိုအိမ်ရှေ့စံလေးရဲ့ခေါ်သံလေးမှာလူကကျောက်ရုပ်တစ်ခုနှယ်

You've reached the end of published parts.

⏰ Last updated: Apr 25 ⏰

Add this story to your Library to get notified about new parts!

The EmperorWhere stories live. Discover now