Part-2
အိပ်မက်တစ်ခုမက်ကာ လန့်နိုးလာရသော နေ့တွေက ဂျောင်းဟန်အတွက် ကောင်းမွန်သောအချိန်တွေဖြစ်လာခဲ့သည်။ ထိုအိပ်မက်ကနေ သူရုန်းမထွက်ချင်ခဲ့
ထိုအိပ်မက်က အိပ်မက်ဆိုးတစ်ခုဖြစ်နေခဲ့ရင်တောင် သူ့ဘဝထဲကနေ ပျောက်ကွယ်မသွားစေချင် မိသည်မှာ ဂျောင်းဟန်အတွက် အရာအားလုံးကို ဖိတ်ခေါ်မိခြင်းသာဖြစ်လိမ့်မည်။
ညက မင်ဂယူနမ်းသွားတဲ့နှုတ်ခမ်းတို့ကို ဖွဖွ ပြန်စမ်းရင်း ဒါဟာ အိပ်မက်မဟုတ်ပါဘူး လို့သူကိုယ့်သူ အကြိမ်ကြိမ် ပြန်ပြောနေမိသည်။
ထိုကြာရှည်သော အနမ်းတစ်ခုကို သူ့ဖက်က မှတ်မိနေခဲ့ပေမဲ့ မင်ဂယူဘက်ကတော့ မမှတ်မိစေချင်ခဲ့…။ သူ့ကိုအမုန်းဆုံးဖြစ်နေတဲ့ထိုလူကို သူ့ကြောင့်နဲ့တော့ စိတ်မရှုပ်စေချင်…။
မျက်နှာသစ်သွားတိုက်လုပ်ပြီး ထမင်းစားခန်းထဲ ဆင်းလာတော့ ကော်ဖီထိုင်သောက်နေသော မင်ဂယူ့ကိုတွေ့ရလေသည်။ သူမသိချင်ယောင်ဆောင်ကာ ရေခဲသတ္တာရှိရာဆီ သွားကာ ရေတစ်ဘူးကို ဆွဲထုတ်လိုက်သည်။
ထမင်းစားပွဲပေါ်ရှိ ဖန်ခွက်တစ်ခုကို လှမ်းယူကာ ရေထည့်ရင်း အခုချိန်ထိ ဘာစကားမှမဆိုသေးသော မင်ဂယူအား လှမ်းကြည့်မိပြန်သည်။
" ဦးလေးကော "
"အလုပ်သွားတယ်"
တစ်ခွန်းမေးတစ်ခွန်းဖြေပါပဲ…။ မနေ့ညက အကြောင်းကိုတခွန်းှ စမလာသည်မို့ ဂျောင်းဟန် သက်ပြင်းချကာ ထမင်းစားပွဲတွင်ဝင်ထိုင်ရင်း ပေါင်မုန့်တစ်ခု လှမ်းယူကာ ဖြည်းဖြည်းချင်းစားနေမိသည်။
" မနေ့က နမ်းမိသွားတာ"
ရုတ်တရက် ထပြောလာသည့်အသံကြောင့် ဂျောင်းဟန် လန့်သွားကာ ပါးစပ်ထဲကပေါင်မုန့်ပင် မဝါးပဲမြိုချ မိသွားလေသည်။
" အင်း အဟွတ် အဟွတ် "
မင်ဂယူကတော့ ဂျောင်းဟန်ကိုဂရုစိုက်ဟန်မရှိပါ …။
" အဲ့ဒီအတွက် ငါဘယ်လောက်ပြန်ပေးရမလဲ"
"ဘယ်လို"
![](https://img.wattpad.com/cover/365201650-288-k708128.jpg)