Part-21

102 20 6
                                    

Part-21

"ဂျောင်းဟန် ကိုယ့်ကိုယ်ကိုဂရုစိုက်နော်"

"ငါ့ဘာသာ ဘာဖြစ်ဖြစ် မင်းနဲ့မဆိုင်ဘူးထင်ပါတယ်"

မင်ဂယူ သက်ပြင်းသာချလိုက်မိကာ ဟုန်းဂျီဆူးကို တချက်လှမ်းကြည့်လိုက်တော့စိတ်ချပါဆိုသည့် သဘောမျိုးနဲ့ခေါင်းညိမ့်ပြလာခဲ့သည်။

"သွားကျမလားဂျောင်းဟန်"

" အင်း ဂျီဆူး ဒီအိမ်ကနေမြန်မြန်သွားရလေ ကောင်းလေပဲ  "

ကားပေါ်သို့အရင် တတ်သွားသော ကောင်လေးအား သေချာပင်မကြည့်လိုက်ရပေမဲ့ မင်ဂယူ ဝဲလာသည့် မျက်ရည်များကို ရုတ်သိမ်းကာ ဟုန်း ဂျီဆူးကိုသွားတော့ဖို့အချက်ပြလိုက်သည်။

ကားလေးထွက်သွားတာကို တဆုံးလိုက်ကြည့်နေမိပြီးမှ အိမ်ထဲပြန်ဝင်လာခဲ့တော့သည်။

အခုလုပ်စရာရှိတာတွေကို လုပ်ရတော့မှာပေါ့လေ…။

………………………………………

"ဂျောင်းဟန် ထမင်းစားတော့မလား ၈နာရီခွဲတော့မယ် "

"ဟင့်အင်း ဂျီဆူး ငါမဆာသေးဘူး ငါတီဗီခဏကြည့်မယ်နော်"

"အင်း ကြည့်လေ"

ဧည့်ခန်းထဲရှိ တီဗီ ရီမုကိုကောက်ကိုင်ကာ ပါဝါခလုတ်ကိုနှိပ်ပြီး တီဗီဖွင့်လိုက်တော့ သူမကြိုက်သည့် အစီအစဉ်တွေလာနေသည်ဖြစ်တာကြောင့် လိုင်းပြောင်းဖို့ပြင်ရင်းခလုတ်တွေကို နှိပ်တော့

" ယခု တင်ဆက်ပေးမှာကတော့ ည၈နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တဲ့မီးလောင်မှု ဖြစ်စဉ်ပင်ဖြစ်ပါတယ် မီးလောင်တဲ့နေရာဟာ နာမည်ကြီး ကင်မ်လုပ်ငန်းစုရဲ့နေအိမ်ဖြစ်ပြီး အခုချိန်ထိ မီးများဟာငြိမ်းသက်သွားခြင်းမရှိတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ဟာ ကြိုးစားပြီးဆောင်ရွက်နေကျတာဖြစ်ပါတယ် အခုချိန်ထိ နေအိမ်အတွင်းမှာရှိနေကျတဲ့ သူ ဘယ်နှစ်ယောက်ရှင်လဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူးရှင် ယခုမီးလောင်မှုဖြစ်ပွားတဲ့ကင်မ်လုပ်ငန်းဟာ"

တီဗီဟာ ဖြတ်ခနဲပိတ်သွားတာကြောင့် အသက်မဲ့သလို ငြိမ်သက်နေသောဂျောင်းဟန်သည်  မျက်ရည်တွေစီးကျလာကာ နံဘေးမှာရပ်နေသော ဂျီဆူးကို လှည့်ကြည့်လာလေသည်။

O P P O S I T E  (Completed)Where stories live. Discover now