10 (U + Z)

128 15 4
                                    

မျက်ဝန်းတစ်စုံကပဲ မင်ငယ်ကို ရင်ခုန်ကြည်နူးစေခဲ့သလို၊အ့မျက်ဝန်းတစ်စုံကပဲ မင်ငယ်ကို ကြောက်လန့်တုန်းလှုပ်စေခဲ့တယ်....။

မင်ငယ်ကို ကြည့်တဲ့ ဂျွန်ငယ်ရဲ့ မျက်ဝန်းတွေက အရမ်းကြောက်ဖို့ကောင်းတယ်။မင်ငယ်သိခဲ့ဖူးတဲ့
ဂျွန်ငယ်က ဒီလိုမျိုး မင်ငယ်ကို မကြည့်ဖူးဘူး။မင်ငယ်ကြောက်တယ်...အခုဂျွန်ကို မင်ငယ်ကြောက်တယ်။

"ပတ်ဂျီမင်..ခ..ခဗျာ ကျုပ်ကို မတွေ့ဘူးလား..ရွှတ်(ရှိုက်သံပါ) ခဗျာက ကျုပ်ကို အလေးမထားတာလား..? ခဗျာဘေးနားမှာ အချိန်တိုင်းရှိနေတာ‌လေ၊ ခဗျာမျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတာ၊ ခဗျာက ဒါတောင်မတွေ့ဘူးလား..အားးးး ဘာလို ငါမဟုတ်ရတာလဲ ဘာလိုလဲ..ဘာလိုလဲ.!!!!!"

ခဗျာဘာလို ကျုပ်ကို မမြင်နိုင်ရတာလဲဗျာ!!...။

တစ်ခါမှမခံစားဖူးတဲ့ ဝမ်းနည်းစိတ်တွေက ဂျွန်ကိုအလဲလဲပြိုစေခဲ့တယ်။ဝမ်းနည်းတာနဲ့ ဒေါသထွက်တာ တပြိုင်တဲဖြစ်ပေါ်လာတော့ ဂျွန်ငယ် နာကျင်မှုက မပြောတက်လောက်အောင်ပါပဲ....။

"......"

"ခဗျာမှာ ပါးစပ်မပါဘူးလား..?ကျုပ်ပြောတာတွေကို အလေးမထားတာလား..?အဟွန်းး ဘာလဲ ကျုပ်က
မင်းယွန်ဂီ မဟုတ်လို့လား"

မင်ငယ် ဂျွန်ကို ဘာမှပြန်မပြောနိုင်ပါ။ ဂျွန်ငယ်ပြောတာတွေက အမှန်တွေပဲမို့ ဒါပေမယ့် မမှန်တာ တစ်ခုတော့ ရှိသေးတယ်။မင်ငယ်မပြောရဲဘူး အခုပုံစံ ဂျွန်ကို ကြောက်တာပဲသိတယ်။မင်ငယ် ဂျွန်ကို ကြောက်လွန်လွန်းလို အောက်နှုတ်ခမ်းတွေကို ဖိကိုက်ပြီ ဒူးတွေလဲ တုန်းနေခဲ့တယ်။

မင်ငယ် ကိုယ့်တိုင် ရှင်းပြပြီ ဖြေရှင်းချက်ပေးချင်ခဲ့တာပါ...။

မင်ငယ်အနားမှာ အချိန်တိုင်ရှိနေတာ ဂျွန်ဆိုတာလဲ မင်ငယ်သိတယ်။မင်ငယ် မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ အမြဲစောင့်ကြည့်နေတက်တာလဲ ဂျွန်ဆိုတာ မင်ငယ်သိတယ်။ဒါပေမယ့် မင်ငယ်မသိတာ..မဟုတ်ဘူး မသိချင်တာက ဂျွန်နဲ့ ပတ်သတ်ရင် ဖြစ်ပေါ်လာတဲ့ မင်ငယ် ခံစားချက်တွေ..။

ဂျွန်မသိတာ မင်ငယ် ဂျွန်ကို လိုတာထက် ခံစားချက်တွေ ပိုနေတယ်ဆိုတာ။မဖြစ်သင့်ဘူးလေ...မင်ငယ် မဖွင့်ဟရဲဘူး။ အ့တာကြောင့် မင်ငယ်ခံစားချက်တွေကို ဖုံးကွယ်ဖို့..ကိုကို့ကို မင်ငယ် အသုံးချမိတယ်။

You Are Mine !!!Where stories live. Discover now