ပြန်မဆုံကြစို့မောင်

8 2 0
                                    

ကျွန်မ မောင့်ကို စွန့်ပစ်ခဲ့စဉ်က နောင်တ တစ်ခုတလေမှ မရခဲ့ပါဘူး
မောင် နာကျင်တာ လျော့စေဖို့ မောင်ကျွန်မလို မကောင်းတဲ့သူကို လက်လွှတ်တတ်စေဖို့ မစောင့်စေဖို့ မချစ်တော့စေဖို့ ..... ရည်ရွယ်ချက် အားလုံးနဲ့ စွန့်ပစ်ခဲ့တာ ကျွန်မ မှားမှန်း သိပါတယ်

ဒါပေမယ့် မောင်ရယ်
ကျွန်မ အတ္တသိပ်ကြီးခဲ့တာပါ ကျွန်မ တစ်ကိုယ်ကောင်းဆန်ခဲ့မိတာပါ

ကျွန်မ စွန့်ပစ်ခဲ့တဲ့ မောင် … ဘယ်လောက်တောင် စိတ်နာနေလေလိုက်မလဲ
နာကျင်မှုက ပေးတဲ့ သင်ခန်းစာနဲ့ ရှေ့ဆက်ပါမောင်
နောက်ပြီး လူမှားပြီး မချစ်မိအောင်လည်း ဆင်ခြင်ပါ
နောက်ပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်သလိုလို လုပ်နေတာတွေလည်း ရပ်ပါတော့ မောင်ရယ်

ကျွန်မရဲ့ နောက်ဆုံး ရွေးချယ်မှုက မောင် မဖြစ်ခဲ့တာမို့ ဘယ်လောက်တောင် ခံပြင်းပြီး ဝမ်းနည်းနေလိုက်မလဲ
တောင်းပန်ပါတယ်မောင်
မျက်နှာချင်းဆိုင် တွေ့ခဲ့ရင်တောင် ရင်ဆိုင်ဖို့ ရှက်မိပါတယ်
မောင်လည်း ကျွန်မကို ရွံမုန်းနေလောက်မယ် ထင်ပါတယ်

ကျွန်မတို့ ပြန်မဆုံကြစို့ မောင်

You've reached the end of published parts.

⏰ Last updated: Mar 20 ⏰

Add this story to your Library to get notified about new parts!

နာကျင်မှုတွေ ချရေးကြရအောင်Where stories live. Discover now