Part-4
အိမ်ပြန်ရောက်တာနဲ့ အပေါ်ထပ်တက်သွားကာ အခန်းတံခါး ဝုန်းခနဲပိတ်သွားသော ယွန်းဂျောင်းဟန်ကြောင့် မင်ဂယူ မျက်မှောင်တို့ကိုကြုံ့လိုက်မိသည်။
သူများအိမ်မှာလာနေပြီး အခုက ဘာအချိုးချိုးသွားတာလဲ…။
သူတို့အသံတွေကြားလို့ထင်သည်။ ဖေဖေ့ရဲ့လူယုံ ဂျွန်က ရောက်ရှိလာလေသည်။
" ဖေဖေကော ဂျွန်"
" အပြင်ထွက်သွားပါတယ် အိမ်မှာမရှိပါဘူး"
"အော် ဟုတ်ပြီ သွားတော့"
"ဟုတ်ကဲ့"
ဂျွန် ထွက်သွားမှ သူလဲ သူ့အခန်းဆီသို့ တက်လာခဲ့ကာ ကုတင်ပေါ် ခြေပစ်လက်ပစ် ပစ်လှဲလိုက်သည်။အရက်သောက်ထားတာကော ဟိုကာင်လေးကို ခေါ်လာရကောနဲ့ သူအရမ်းပင်ပန်းနေပြီဖြစ်သည်။
မျက်လုံးများကို မှေးမှိတ်ထားရာမှ ခေါင်းကိုစောင်းကာ ဘေးနားရှိ ဖုန်းကို ယူရင်း ကြည့်လိုက်တော့ ဆမ့်ဆီမှ ဝင်ထားသည့် ဖုန်းကောလ် များစွာကိုတွေ့ရသည်။
ဒီညတော့ သူပင်ပန်းနေပြီမို့ နောက်နေ့မှပဲ ဆမ့်ကို ပြန်တောင်းပန်တော့မည်……။
…………………
ပင်ပန်းသည့်ဒဏ်ကြောင့် ခဏအိပ်ပျော်သွားရာမှ ပြန်လန့်နိုးပြီး နာရီကိုကြည့်လိုက်တော့ ည၁၂နာရီပင် ထိုးတော့မည်။
အရက်သောက်တုန်းက မသိသာပေမဲ့ အခုမှပိုမို ထိုးကိုက်လာသည့်ခေါင်းကြောင့် ဆေးသောက်စရာယူရန် မင်ဂယူ အိမ်အောက်ထပ်ကို ပြန်ဆင်းလာခဲ့သည်။
အိမ်အောက်ထပ်ရောက်တော့ အိမ်ရှေ့တံခါး ပွင့်နေ၍
ဘယ်သူအပြင်ထွက်တာလဲ သိချင်၍ လျှောက်သွား ကြည့်မိတော့ ယွန်းဂျောင်းဟန် ဖြစ်နေလေသည်။"ယွန်းဂျောင်း ဟန် ဘာလုပ်နေတာလဲ"
သူ့အသံကြောင့် ထိုကောင်လေးက မော့ကြည့်လာပြီး ခေါင်းကိုပြန်ငုံ့ချသွားသည်။ ပြီးမှ စကားသံတိုးတိုးလေး ထွက်လာသည်။
" မင်ဂယူ မင်းငါ့ကို အမြင်ကပ်နေတာမလားဟင်"
သူ့ကိုစိတ်ဆိုးနေတာလား ထင်မိသော်လည်း ရုတ်တရက်ဆန်စွာမေးလာသော မေးခွန်းကြောင့် မင်ဂယူ ကြောင်သွားမိသည်။