Love Wins All

327 33 4
                                    

ရာသီဥတုမှာကား မှုန်မှိုင်းလျက် ခြောက်ခြားဖွယ်ရာအတိ..။ ထို့အပြင် Alpha အများစု Rut ဝင်တတ်သော ရာသီဖြစ်သည့်အတွက် Yeonjun အတွက် အန္တရာယ်များနေတော့သည်။

ခါတိုင်း Rut ဝင်တဲ့ ရာသီတွေရောက်လျှင် သူ့အတွက် အစ်ကိုတို့က Beta Bodyguard တစ်ဦးငှားပေးထားသောကြောင့် ပူစရာမရှိသော်လည်း အခုကတော့ သူစိတ်ရူးပေါက်ကာ အလုပ်ထုတ်ပစ်မိ၍ ဒုက္ခတွေ့နေပြီပင်..။

"Yeon ဒီရက်ပိုင်းတော့အပြင်မသွားနဲ့ဦးနော်... ဆိုင်ကို Haru စောင့်ပေးလိမ့်မယ်"

"ဟင့်အင်း ကျွန်တော့်အသက်က 23 တောင်ရှိနေပြီပဲ... Omega တစ်ယောက်ဖြစ်နေပေမဲ့ ယောက်ျားလေးတစ်ယောက်ပဲမို့ ကိုယ့်ကိုယ်ကိုယ်တော့ ခုခံနိုင်ပါတယ်... အဲ့ဒါကြောင့် ကိုကြီးတို့စိတ်မပူပါနဲ့... ဆိုင်က ကျွန်တော်မရှိလို့မဖြစ်ဘူးလေ"

ကိုကြီး၏ ဇနီးဖြစ်သူ မမကြီးက စောင့်ပေးမည်ဆိုသော်လည်း Yeonjun ဟာ စိတ်မချပါ။ ကိတ်မုန့်ဆိုင်လေးဟာ သူ့ရဲ့ ဝါသနာဖြစ်သောကြောင့် အရာရာကို သူ့လက်နှင့် ကိုယ်တိုင်လုပ်ဆောင်ကာ ဝန်ထမ်းဟူ၍လည်း အကူတစ်ဦးသာထားထားသည်။ ထို့ကြောင့် သူကလွဲ၍ အခြားသူကို ဘယ်သူ့မှစိတ်မချနိုင်..။

Alpha ဖြစ်သော အစ်ကိုနှစ်ယောက်နှင့်သာ ကြီးပြင်းလာခဲ့ရသော Yeonjun မှာ မိသားစုထဲက တစ်ဦးတည်းသော Male Omega ဖြစ်၍ သည်းသည်းလှုပ်အချစ်ခံရကာ တစ်အိမ်လုံး၏ အရှင်သခင်လေးဖြစ်၏။

"ငါတို့ကလေးလေးရဲ့ Mate က ဘယ်လိုလူမျိုးမို့များ အခုထိ Luna က အသိမပေးသေးတာပါလိမ့်"

"Mate မရှိတာမျိုးရော ဖြစ်နိုင်မလား... ကိုကြီး သူငယ်ချင်း Nam လိုမျိုး"

ကိုငယ့်စကားကို တွေးဆဆဖြင့် ဝင်ပြောမိသည်။ သူများတွေက အသက် 18 ဝန်းကျင်လောက်ဆိုလျှင် Mate နှင့် တွေ့ဆုံရတတ်ပေမဲ့ Yeonjun မှာတော့ 23 သာကျော်လာသည်၊ Luna ကတော့ အိပ်မက်အရိပ်အယောင်ဖြင့်လည်းမပြသလို လူလုံးလည်းထုတ်မပြသေး..။ Yeonjun ရဲ့ mate ဖြစ်လာမည့်သူကရော သူ့လိုပဲ မသိသေးတာလား သိရက်နဲ့ သဘောမကျလို့ လာမရှာတာလား မပြောတတ်..။

"ရား ကလေးအတွေးနဲ့ လျှောက်ပြောမနေနဲ့ Nam က Mate မရှိတာမဟုတ်ဘဲ သူ့ရဲ့ Mate က ဆုံးသွားတာ"

Love Wins All Where stories live. Discover now