ʟᴏᴠᴇ ᴍᴇ ʜᴏɴᴇʏ ♡

298 27 12
                                    

"ဒီနေ့ရော ဟိုတစ်ယောက်ဆီသွားဦးမလို့လား"

"ဒါပေါ့ ငါ့အသဲလေးဆီ နေ့တိုင်းမပျက်မကွက် ခစားဖို့အဆင်သင့်ဘဲ"

Seo changbin တစ်ယောက် တစ်နေ့တစ်နေ့ Lee Minho ကိုကြည့်ရင်း စောက်မြင်ကပ်လာသည်

ဘယ့်နှယ့် ဟိုကဒီလောက်မကြိုက်ဘူး မလာပါနဲ့တော့လို့ ပြောထားတာ သူ့ကို "နေ့တိုင်းလာခဲ့နော် ကိုကို" လို့လက်ယပ်ခေါ်တယ်များထင်နေလားမသိဘူး

"မသွားလို့က မရဘူးလား"

အချစ်ရေးအချစ်ရာတွက်သွားမယ့်သူကို လာပိတ်ပင်နေတာကြောင့် Minho ရှေ့ကကောင်ကို ဆောင့်ကန်ချင်လာသည်

"ဘာလို့ပိတ်ပင်နေတာလဲ ဘူပိတ်အောင်လို့ ငါ့ဘာငါ ငါ့အချစ်ဆီသွားတာဘဲ မင်းခေါင်းပေါ် ချီးတက်ပါနေလို့လား?"

"စကားကိုကပ်ပြီးမပြောနဲ့ လင်တရူးကောင်"

လင်တရူးဆိုရင်တောင် သူကတော့ သူ့ရဲ့ပထမဆုံးအချစ်ဖြစ်တဲ့ ကောင်လေးပေါ်ရူးတာဘဲ ဘာပြစ်မှမရှိ အဟိအဟိ

"မင်းအဲ့လို ဂရုမစိုက်တဲ့အထှာနဲ့ သွားလုပ်လို့ ဟိုကလေး အုတ်နီခဲနဲ့ လိုက်ထုတာခံရပြီးပြီမလား ခုတောင်ခေါင်းမှာပတ်တီးကြီးနဲ့လေ"

ဟာ ဘာတွေလာပြောနေတာလဲ ဒီကောင် ကျက်သရေမရှိအောင် အတိတ်ကိုပြန်ဆွနေတယ်

အဲ့ဒီ့တုန်းက ထိုကောင်လေးဆီ နေ့တိုင်းသွားနေတာကြောင့် ကောင်လေးက သူ့ကိုမလာတော့ဖို့ ပြောသည်

သူကမချစ်ရက်ပေမယ့် ကိုယ်ကမှမပစ်ရက်တာ နေ့တိုင်းဆက်လိုက်နေရတာပေါ့

ဒီလိုနဲ့ နောက်နေ့ကိုလဲ သွားပြီး ထပ်ပြီး နောက်နေ့ကိုလဲသွားခဲ့တယ် ပြသနာက အဲ့ဒီ့နေ့မှာ စတာဘဲ

"ခင်ဗျား ကိုမလိုက်တော့ဖို့ပြောနေတယ်လေဗျာ"

စိတ်ဆိုးမာန်ဆိုးဖြင့် သူ့အားပြောလာပုံမှာ နှုတ်ခမ်း‌လေးတွေစူလာတာမို့ ပါးပြင်နှစ်ဖက်က ပိန်သွားလိုက် ပြန်‌ဖောင်းလိုက်ဖြစ်နေသည်

"သွားပါတော့ဆို ခင်ဗျားကို မကြိုက်ဘူးလို့ဆို"

မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ထပ်ပြောလာပြန်သည်မှာ ဖောင်းနေတယ့်ပါးလေးကို လာနမ်းပါဟု အော်ခေါ်နေသယောင်မို့ ကျွန်‌တော့်မျက်လုံးတွေက ထိုကောင်လေးပါးနှစ်ဖက်ပေါ်ကမရွေ့ချင်တော့

ʟᴏᴠᴇ ᴍᴇ ʜᴏɴᴇʏ ♡Where stories live. Discover now