ʟᴏᴠᴇ ᴍᴇ ʜᴏɴᴇʏ ♡

172 20 2
                                    

"ငါပြောပြမယ် မင်းရဲ့ဆုံးဖြတ်ချက်အမှားတစ်ခုအတွက် မင်းကိုယ်တိုင်ရော နောက်ထပ်တစ်ယောက်ကိုရောမနာကျင်စေချင်ဘူးဆိုရင် မင်းသူနဲ့သွားတွေ့လိုက်ပါတော့ အမြန်ဆုံးနည်းနဲ့"

သွားတွေ့လိုက်ရမလား ငါသိချင်တာကခြေထောက်အဆင်ပြေရဲ့လားဆိုတာ

နှစ်ရက်‌နီးပါး သူ့ဆီမှဘာသတင်းမှမကြားရတာကြောင့်ရော လိုက်သွားကြည့်လိုက်မည်

"မင်း သူ့အိမ်သိလား hyunjin"

Jisung မေးကြည့်တော့ hyunjin ဟာပြုံးလျက်ဆိုသည်

"သိရအောင် ငါ့လင်မှမဟုတ်တာ"တဲ့

.
.
.

ကျောင်းကအပြန်မှာ Lee Minho ရဲ့အိမ်ကိုဝင်ပြီးအခြေအနေကြည့်ဖို့ စဉ်းစားထားတယ် တစ်ယောက်ထဲမသွားချင်တာကြောင့် hwang hyunjin ကိုခေါ်ပေမယ့်လဲ ကျေးဇူးရှင်က Lee Felix နဲ့သွားတွေ့မယ်ဟုအကြောင်းပြုကာရှောင်ပြေးသည်

"ဘယ်တတ်နိုင်မလဲကိုယ့်ဘာကိုယ်ဘဲသွားရတာပေါ့"

အိမ်ကိုမသိပေမယ့် မနက်က hyunjin က စုံစမ်းပေးလာတာကြောင့် ထိုလိပ်စာအတိုင်းသာ ကားစီးလာသည်

ခါတိုင်းဆိုဘတ်စ်ကားစီးနေကျဆိုပေမယ့် ဒီလိပ်စာအတိုင်းဆို မှတ်တိုင်ဘယ်မှာဆင်းရမလဲမသိတာကြောင့် taxi ဘဲငှားစီးလာခဲ့တာ

"ငါလဲ အပိုအလုပ်တွေတော်တော်လုပ်မိနေတာဘဲ.."

မိနစ်နှစ်ဆယ်လောက်ကားဆက်စီးလာပြီး လမ်းတွေက Jisung နေတဲ့နေရာထက်ပိုပြီး အထက်စီးဆန်သယောင်ရှိသည် ကူညီပံ့ပိုးပေးထားတယ့် လူချမ်းသာတွေသာနေသော အိမ်တွေ တိုက်တွေကို ကြည့်ရင်းမျက်လုံးတောင်မခွာဖြစ်

Jisung တို့ကတော့ အရမ်းချမ်းသာတဲ့ထဲမပါမပေမယ့်အလယ်အလတ်တန်းစားထဲကမလို့ သူလဲ ဒီလိုနေရာကိုကြိုက်ပါသည်
နေမှမနေဖူးတာကို

"ရှေ့နားကအိမ်ထင်တယ် ရောက်ပါပြီ"

Taxi သမားကအိမ်တစ်အိမ်ရှေ့တွင်ချပေးလာတာကြောင့် လိပ်စာမှန်မမှန်အရင်စစ်ရသေးသည် အိမ်မှားရင်အားနာစရာကြီးလေ

"လိပ်စာကတော့မှန်သားဘဲ ဒီအိမ်ဘဲဖြစ်မှာပါ"

ဘယ်လိုဖြစ်လို့အိမ်ပုံစံကတမူထူးခြားဆန်ပြားနေရတာလဲ?

You've reached the end of published parts.

⏰ Last updated: Apr 05 ⏰

Add this story to your Library to get notified about new parts!

ʟᴏᴠᴇ ᴍᴇ ʜᴏɴᴇʏ ♡Where stories live. Discover now