Part-6
မင်ဂယူကသူ့ကို အခန်းထဲအထိ လိုက်ပို့ကာ အိပ်ရာပေါ်သို့ သူ့ကိုဖြည်းဖြည်းချငိး ချပေးလေသည်။
"နာနေသေးလား "
" အင်း "
"ဆေးရှိလား မင်းအခန်းထဲမှာ"
"ရှိတယ် ဟိုနားက စားပွဲက အံဆွဲထဲမှာ"
သူလက်ညှိုးထိုးပြသည့် နေရာမှ အံဆွဲကို ဖွင့်ကာ ဆေးဘူးကို ယူလာရင်း သူ့ခြေထောက်ကို ခပ်ဖွဖွ ဆွဲယူကာ
ဆေးလူးပေးဖို့ဟန် ပြင်လေသည်။သူ အံ့သြသွား၍ မျက်လုံးများပြူ းကျယ်သွားကာ မင်ဂယူလက်အတွင်းမှ အမြန်ရုန်းထွက်လိုက်သည်။
"မလုပ်…… မလုပ်ပါနဲ့ မင်ဂယူ ငါ့ဘာသာငါ လိမ်းပါ့မယ်"
" ငြိမ်ငြိမ်နေ"
သူပြောလဲ လွှတ်ပေးမည့်ပုံမပေါ်တာကြောင့် သူလက်လျှော့လိုက်ရလေသည်။
" မင်ဂယူ"
"ပြော"
"ငါ့ကို ဘာလို့ကူညီပေးတာလဲဟင်"
" စကားများလိုက်တာ မင်းက"
" ဟို ငါ့ကို ကြည့်မရ မဖြစ်တော့ဘူးလားဟင် "
"ဘာဆိုင်လို့လဲ ကြည့်မရဖြစ်တာကတော့အခုထိ ဖြစ်တာပဲ မင်းငါ့အိမ်မှာ နေနေတာ ငါမကြိုက်ဘူး ဒါပေမဲ့အခုက မနေနိုင်လို့ကူညီပေးတာ"
မင်ဂယူ့အဖြေကြောင့် ဂျောင်းဟန် အခုန လျှောက်တွေးနေမိသောအတွေးတို့ ပြတ်တောက်သွားရသည်။ သူသိပ်ကိုမျှော်လင့်မိသွားတာပဲ မင်ဂယူကသူ့ကိုကြည်ဖြူလာမယ်ဆိုတာလုံးဝကိုမဖြစ်နိုင်မဲ့အရာပဲ
"ဘယ်လိုကြောင့်ပဲ ကူညီ ကူညီ ငါတကယ် ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်ရင် ဒီအိမ်က အမြန်ထွက်သွားပေးနိုင်အောင် ကြိုးစား ……… လိမ်းလို့ ပြီးပြီ "
"အင်းပါ ငါအိပ်တော့မယ် မင်ဂယူ မင်းသွားချင်သွားလို့ရပြီ "
" အိုခေ"
တံခါးမှ ထွက်သွားသည့် မင်ဂယူ့ကျောပြင်ကို ခပ်ငေးငေးကြည့်နေမိရင်း နှလုံးသားဆီက စိတ်မကောင်းခြင်းကိုခံစားမိသည်။
![](https://img.wattpad.com/cover/365201650-288-k708128.jpg)