One Short( unicode )

1.2K 60 5
                                    

ကျေးရွာလေးတစ်ခုတွင် မိသားစုလေး
၂စုရှိပြီး  ထိုမိသားစုတစ်စုတွင်
Zaw Shine Htet ဆိုတဲ့ ၇နှစ်အရွယ်
ကောင်လေးတစ်ယောက်ရှိလေသည်

ထိုမိသားစု၂စုသည် တစ်နေ့ကြရင်
မိမိတို့မွေးလာသော သားသမီးများနဲ့
လက်ထက်ပေးရန် ကတိပေးခဲ့ကြသည်

တစ်နေ့ကြတော့ အန်တီဝေ(vitamin mommy) မှ ကိုယ်ဝန်ရှိလာ၍ ၂မိသားစုလုံးပျော်နေကြသည်

ရိူင်းသည် အန်တီဝေ့ဗိုက်လေးနား မျက်နှာကပ်၍ " ကြက်ဥလေးကို သားကိုပေးပါနော် တီတီ "ဆိုပြီး ပြောလိုက်သဖြင့်

၂မိသားစုလုံးပွဲကြအောင်ရယ်နေကြသည်

ဒီလိုနဲ့ ရက်၊လတွေကြာလာသည်နဲ့အမျှ တီတီဝေ မွေးဖွားရမယ့် ရက်ကို
ရောက်လို့ လာသည်

အန်တီဝေ ဗိုက်နာလာသည်ဆိုသဖြင့်
ဆေးရုံသို့ပို့ရန်ပြင်ဆင်ခဲ့ကြပြီး

ဆေးရုံရောက်ပြီး ကြက်ဥလေးကိုမွေးပြီးပြီးချင်း အန်တီဝေဟာ ဆုံးလို့သွားသည်

ကြက်ဥလေးဖေဖေကလည်း အန်တီဝေ
ဆုံးတာ ကြက်ဥလေးကြောင့်ဆိုပြီး လာ၍မကြည့်ပေ

ကျွန်တော်လည်း ချစ်စရာကြက်ဥလေးရဲ့ နီတာရဲလက်လေးကိုကိုင်၍ " ကိုကိုကမင်းကို တစ်သက်လုံး စောင့်ရှောက်သွားမယ်
ကြက်ဥလေးလိုချင်တဲ့ အရုပ်တွေ ကားတွေမုန့်တွေ အကုန်လုံးကို ကိုကိုကဝယ်ပေးမယ်နော် "ဆိုပြီးပြောတော့ ကြက်ဥလေးကပြုံးပြလို့လာသည်

ကြက်ဥလေးရဲ့ဖေဖေသည် မကြည့်ဘူးဆိုပြီး ကြက်ဥလေးကိုလာလာပြီးခိုးကြည့်လိုနေသည်

ဒီလိုနဲ့ မေမေတို့လူကြီးတွေတိုင်ပင်ပြီး
ကြက်ဥလေးကို အနီးကပ်စောင့်ရှောက်ရအောင် ကျွန်တော်တို့အိမ်ကိုသာခေါ်ခဲ့သည်

ညဘက်ဆိုရင် ကြက်ဥလေးနို့ဆာလို့ငိုတဲ့
ငိုသံလေးတွေ ဆူညံလို့နေသည်

ကြက်ဥလေး ၃နှစ်သားမှာ ကြက်ဥလေး
ဖေဖေသည် အန်တီဝေကိုလွမ်းသည်စိတ်နဲ့
လွမ်းဖျားလွမ်းနာ အရက်နာကျပြီးဆုံးသွားခဲ့သည်

အခုဆိုရင် နို့ဆာလို့ဂျီကျငိုတဲ့ ကလေးလေးကနေ  မုန့်မစားရရင် ငိုတတ်တဲ့ ၆နှစ်အရွယ် ကြက်ဥလေးဖြစ်လို့လာသည်

I'm still with you kokoWhere stories live. Discover now