Part - 7

180 25 0
                                    

ဂျီဆူးသည်အိမ်မှထွက်နိုင်ရန်အလုံးစုံကြိုးစားခဲ့ပါ၏ သို့သော်လည်း
သခင်ကြီးဟုန်း၏လူများကအချိန်ပြည့်‌ေစာင့်ကြည့်‌နေသည့်အတွက်ကြောင့်
အသက်ရှူပေါက်ပင်‌ကောင်းစွာမရခဲ့ပါ
မွန်းကြပ်လှပါသည်

" သားလေး မင်းဘာမှမစားတာ၂ရက်ရှိပြီ ဒီလိုပဲဆက်နေနေရင် ကြာရင်လဲသွားလိမ့်မယ် အမေ့သားရဲ့ ငါမင်းတို့သားအဖနှစ်ယောက်ကြားစိတ်ညစ်ပါတယ် "
ဂျီဆူး၏မိခင်သည်အခန်းထဲသို့ဝင်လာချိန်တွင်နဂိုတိုင်းအရာမယွင်းသောထမင်းများကိုတွေ့၍ပြောခြင်းဖြစ်သည်

" သားလေး မင်းDaddy စကားကိုအရင်နားဖထောင်လိုက်ပါလားဟင် ပြီးမှသားဒီကိုပြန်လာပေါ့ "

" သူကကျွန်တော်မရှိလို့မဖြစ်ဘူး ကျွန်တော့်အတွက်ရောပဲ " ဂျီဆူး၏အသံသည်အဖျား၌လှုပ်ခတ်နေသည်မို့ဂျောင်ဟန်နှင့်ဝေးရမှာကိုဘယ်လောက်ကြောက်နေလည်းပေါ်လွင်နေပါသည်

" အမေ့သားကခေါင်းမာလိုက်တာကွယ် "
ဂျီဆူး၏မိခင်သည်လည်းသားဖြစ်သူခေါင်းမာမှုကြောင့်သက်ပြင်းသာချနိုင်တော့တယ် သားသမီးကိုစိတ်ချမ်းသာတာကိုမြင်ချင်သည်မှာမိဘတိုင်းပင်မလား

" ဒီကောင်လေးကိုရွေးချယ်လို့သားဘဝမှာနောင်တမရမှာသေချာလား "

" ဂျောင်ဟာနီးကိုစတွေ့တည်းကအခုချိန်ထိဘယ်အရာကိုမှနောင်တမရခဲ့ဖူးသလို နောက်လည်းနောင်တရမှာမဟုတ်ဘူးမေမေ"
ဂျီဆူး၏ပြတ်သားလှသောအဖြေအောက်တွင်မိခင်ဖြစ်သူသည်ဆုံးဖြတ်ချက်တစ်ခုချလိုက်လေသည်

" ကောင်းပြီ ဒါဆိုသားအထုပ်တွေသိမ်းတော့ မြန်မြန် "
ဂျီဆူးသည်မျက်လုံးများအရောင်လက်လာကာ မိခင်ဖြစ်သူ၏ရင်ခွင်ထဲ၌တိုးဝင်လိုက်လေသည်

" ကျေးဇူးတင်ပါတယ် မေမေ "

" မေမေ့သားလေးတောင်အရွယ်ရောက်လာပြီပဲ "

............................................................

" သခင်မကြီး ဒီလိုလုပ်လို့မဖြစ်ပါဘူး "
သခင်ကြီးဟုန်း၏အစောင့်တစ်ယောက်ကတားလိုက်လေသည်

" ငါရှင်းလိုက်မှာမို့လို့ ဘာမှမဖြစ်ဘူး ငါ့သားလေးကိုငါကိုယ်တိုင်သွားဖို့ခွင့်ပြုတာ ကျန်တဲ့လူတွေကိုပါခေါ်ပြီးသွားလို့ရပြီ "

Evangeline [ Completed ]Where stories live. Discover now