part:1

4.7K 65 0
                                    

~¡~ ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~¡~

အပိုင်း{၁}

"ဆူးဆူး  ညည်းဟာလေ......ငါတို့တစ်မျိုးလုံးတစ်ဆွေလုံးကို အရှက်ခွဲတဲ့မိန်းမဘဲဟင်.....မိမရှိဖမရှိလေးမိုလို့ ဒီအဒေါ်နှစ်ယောက်က အလိုလိုက်ခဲ့တာကို ညည်းခြေစုံကန်လိုက်တာလား....ပြောစမ်းပါဦး......အမိုက်မရဲ့....ညည်းဗိုက်ထဲက ကလေးကဘယ်သူနဲ့ရတာလဲဟင်......"

"အဟင့်......သမီး.....သမီးမသိဘူး ကြီးကြီး... "

"ဘာ.....ညည်းနဲ့ဒီလောက်အထိ လွန်လွန်ကြူးကြူးဖြစ်ခဲ့တာတောင် ညည်းကမသိဘူးဟုတ်လား.....ညည်းဘယ်လိုမိန်းမမျိုးလည်း ဆူးပန်းခွေ.....ဘယ်လိုမိန်းမလည်း...."

ပခုံးစွန်းနှစ်ဖက်ကိုလှုပ်ခါရမ်းနေတဲ့ ကြီးကြီးရဲ့ပုံရိပ်က တဖြည်းဖြည်းဝေဝါးလာခဲ့သည်။

ဖျတ်ခနဲ အိမ်မက်ကလန့်နိုးလာရင်း  အိပ်ရာ​ဘေးကစားပွဲခုံပုလေးပေါ်တင်ထားသည့် ရေဗူးနဲ့ဖန်ခွက်ကို လှမ်းယူလိုက်ရင်း ငှဲ့သောက်လိုက်သည်။

တစ်ချက်ချက်မြည်နေသည့် နှိုးစက်နာရီလေးကို ကြည့်လိုက်တော့ လေးနာရီခွဲပြီးနေပြီဖြစ်၏။ ချွေးတွေသီးနေတဲ့ မျက်နှာသေးသေးလေးကို ဖွဖွလေးနမ်းရှိုက်ကာ လေအေးပေးစက်ကို ဖွင့်လိုက်သည်။

မအိပ်ခင်အထိ အဲကွန်းဖွင့်ပေးထားပြီး အိပ်ပျော်သွားမှပိတ်ရသည်။ အခုလည်း ချွေးတွေထွက်နေတော့ ပြန်ဖွင့်ပေးရပြန်သည်။

နာရီသံပတ်က ငါးနာရီပေးထားသော်လည်း အိမ်မက်ကလန့်နိုး၍ လေးနာရီခွဲလည်းထရပေတော့မည်။

ခြေသံဖွဖွကလေးဖြင့် အခန်းထဲမှထွက်ကာ ဆံပင်တွေကိုကလစ်ဖြင့်တွယ်၍ အိမ်အောက်ကအုတ်ရေကန်ဆီ မျက်နှာသစ်ဖို့သွားလိုက်သည်။

မနက်စာအတွက်ရယ်  ကျောင်းထမင်းဘူးအတွက်ရယ် ပြင်ဆင်ပြီးသည်နှင့် အိပ်မောကျနေသည့်ဘုရင်မလေးကို နိူးရပေမည်။

"သံသံရေ....သမီး..  ထတော့၇နာရီထိုးနေပြီ....ရေချိုးထမင်းစားပြီး ကျောင်းသွားရမယ်လေ......."

"ဟင့်...မေဆူးကလည်း... သံသံအိပ်ချင်သေးလို့ပါ...."

"မရဘူးလေ.....သမီးရဲ့ ကျောင်းက၈နာရီတက်မှာလေ.....မေဆူးလည်း အလုပ်သွားရမှာလေ.. "

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Where stories live. Discover now