part:12

1.3K 27 0
                                    

~¡~ ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည် ~¡~

အပိုင်း(၁၂)

"နှလုံးက တော်တော်အားနည်းနေတယ်....
အခုတလောကလေးက စိတ်ထိခိုက်စရာများရှိလို့လား..."

"မရှိပါဘူး.. ဒေါက်တာ.....စိတ်အခြေအနေလည်းအကုန်ကောင်းပါတယ် ...."

"ဒါဆိုရင်တော့ နှလုံးအစားထိုးခွဲစိတ်မှဖြစ်မယ်....ဒါပေမယ့် နှလုံးအလှူရှင်ရှိမှရမှာ...."

"ဒါဆို ကျွန်မဘယ်လိုလုပ်ရမလည်း ဒေါက်တာ."

"နှလုံးအလှူရှင်ပေါ်လာဖို့ အချိန်ခဏလောက်တော့ စောင့်ရမယ်ထင်တယ်....ဒီအတောအတွင်းမှာ ကလေးကို ကျောင်းလည်းမတက်ခိုင်းပါသေးနဲ့ဦး..... အိမ်မှာရှိနေတဲ့အချိန်မှာလည်း နပ်စ်တစ်ယောက်လောက်နဲ့ ထားစေချင်တယ်.....လိုအပ်တဲ့ဆေးဝါးတွေရယ် အောက်ဆီဂျင်ဗူးရယ် ဝယ်သွားပါ...."

"ဟုတ်ကဲ့ပါ ဒေါက်တာ..... ကျွန်မကလေးဘာမှတော့မဖြစ်လောက်ပါဘူးနော်...."

"အိမ်လိပ်စာ ပေးခဲ့ပါ.....ကျွန်တော်တပတ်တစ်ခါ လာကြည့်ပါ့မယ်.....တကယ်လို့အဆင်မပြေဘူးဆိုရင် ဘန်ကောက်မှာ သွားကုသရလိမ့်မယ်..."

"ရှင်.........."

သမီးလေးရဲ့ရောဂါက အခုလောက်အထိဆိုးလိမ့်မယ်လို့ ဆူးမတွေးထားခဲ့ပါ......ဘယ်လိုလုပ်ရပါ့မလည်း...... ဆူး ပိုက်ဆံတွေအများကြီးကို
ဘယ်ကနေရှာရပါ့မလည်း.........

ဆေးဖိုးကိုက ဆူးပိုက်ဆံတစ်သိန်းကို နှစ်သောင်းသာကျန်တော့သည်။ အောက်စီဂျင်ဘူး...နပ်စ်မငှားဖို့ပိုက်ဆံ ဘယ်လိုသွားရှာရပါ့မလည်း......

သမီးငယ်လေးကို ပွေ့ချီလျက် ဆူး ခြံတံခါးဖွင့်ကာဝင်ခဲ့လိုက်သည်။ ဆူးတို့သွားမည့်လမ်းမှာ တစ်စုံတစ်ယောက်က ကာဆီးလျက်.....

သူ့မျက်နှာစိမ်းစိမ်းက ဆူးကို
ဘယ်လိုနှိပ်ကွက်သည့်စကားတွေပြောမလည်းဆိုတာ အတိုင်းသားပေါ်လွင်နေသည်။ အခုအချိန် သမီးအတွက်ပူပန်နေရတာကြောင့် သူ့ဆီက ဘာစကားမှလည်း နားမထောင်ချင်သလို ဘာဖြေရှင်းချက်မှလည်း ပေးမနေချင်ပါ...  ...

"ဘာပြောစရာရှိလို့လည်း မြေအနှစ်....."

"အဟွန်း.....အရောင်းအဝယ်ကိစ္စဆိုပါတော့..."

~ချစ်ငြိုးမာန်တင်း ပြင်းလွန်းသည်~Nơi câu chuyện tồn tại. Hãy khám phá bây giờ