Part 4 Uni

369 23 0
                                    

"ဇူဇူးသဒ္ဒါနွယ် နဲ့ ဇူးမြတ်မဟာဈာန် "

"ဒီကိုလာမယ်..."

" ဒယ်ဒီ့ဆီကို လာမယ် "

နာမည်အပြည့်စုံခေါ်လိုက်တာနဲ့ ချက်ချင်းကို မျက်နှာငယ်လေးတွေဖြစ်သွားတဲ့ အမြွှာနှစ်ယောက်ဟာ အကယ်ဒမီရှော့အကြီးစားလေးတွေ ဖြစ်သည်။

"ကဲပြောပါအုံး "

"အမွှေစိန်မောင်နှမနှစ်ယောက် "

"ဒီမှာ....ကြည့်ပါအုံး "

"တစ်ယောက်နဲ့ တစ်ယောက်လုပ်ထားလိုက်ကြတာ‌ ဖြူဖွေးနေတာဘဲ "

"ဟင့် မီးမီးကမောင်မောင်ညေးနဲ့ အတူတူဆော့တာကို "

"ဒယ်ဒီ မမကလေသားသားကို ပေါင်ဒါမှုန့်နဲ့ လာသုတ်တယ် ဝူးးးးးဝူးးး"

အမကို ထငိုပြလာတဲ့ ဇူးမြတ်မဟာက တကယ့်ကိုအငိုသန်သည်။

"ဟွန့် ....ဆော့တုန်းကဆော့ပြီးတော့ ခုကျမှငိုပြနေတာ"

"တိတ်တိတ်တော့ ဒယ်ဒီရေထပ်ချိုးပေးမယ်"

ရစ် အမြွှာနှစ်ယောက်ကို ရေချိုးထပ်ချိုးပေးဖို့သာ ပြင်ရပေတော့သည်။အမြွှာလေးတွေကို ပထမတစ်ခါရေချိုး အ၀တ်အစားလဲပေးပြီး အခန်းထဲမှာထားခဲ့ပြီး သူရေသွားချိုးလိုက်တာက သူ့အမှားပင်။

သားနဲ့သမီးက မျောက်ရှုံးအောင်ဆော့ တက်မှန်းသိသိကြီးနဲ့ ယုံစားမိလိုက်တာ အခုတော့သူတို့ရဲ့ ပေါင်ဒါမှုန့်ကို တစ်ဘူးလုံးကုန်အောင်သမထားလိုက်ကြသည့်အတွက် ရေထပ်ချိုးပေးရတော့မည်။

ရစ် ကလေးနှစ်ယောက်လုံးကို ရေချိုးအ၀တ်အစားပြန်လဲပေးပြီးမှ အမြွှာပေါက်စနှစ်ယောက်ကို ချီကာအောက်ထပ်သို့ဆင်းလာလိုက်သည်။

သို့သော်အောက်ထပ်ရောက်ရောက်ချင်း‌တွင် ဧည့်ခန်းထဲမှာ စကားပြောသံအချို့ကို ကြားလိုက်ရတာကြောင့် အိမ်မှာဧည်သည်ရောက်နေမှန်း သိလိုက်ရသည်။

.......

"လာရမှာပေါ့ မမကြီးရယ် နွယ်တို့ကလည်း လူရင်းတွေဘဲ အိမ်ကသားကိုပါခေါ်ခဲ့မယ် စိတ်ချ"

"နွယ်လာမယ်ဆိုမယ်ရင်‌တော့ မမကြီးက မျှော်နေရမှာပေါ့"

"ဖွားဖွား"

Twins Baby's Father Kde žijí příběhy. Začni objevovat