Part 7 Uni

312 34 1
                                    

"ရစ် ကလေးတွေအဆင်ပြေရဲ့လား"

"အင်း..."

ခမ်းနား ကလေးတွေကိုစိတ်ပူလွန်းလို့ သုတဆီကဖုန်းရတာနဲ့ ဆေးရုံကိုအမြန်လိုက်လာခဲ့ရသည်။သူဟာ ရစ်ရဲ့ကလေးတွေကို ကိုယ်တိုင်မွေးပေးခဲ့ရတာ ဖြစ်တာကြောင့် က‌လေးတွေရဲ့မွေးခါစအခြေအနေကိုလည်း မျက်မြင်တွေ့ဖူးထားသည့် သူတစ်ဦးလည်းဖြစ်ပေသည်။

ကလေးတွေကို ရစ်ဟာ သတ်မှတ်ထားသည့်‌လထက် စောမွေးခဲ့ရသလို မွေးလာသည့်ကလေးနှစ်ယောက်စလုံးက ရစ်၀မ်းဗိုက်ထဲကထွက်လာသည့်အချိန်တွင် ဦးခေါင်းနှင့်နဖူးထက်မှာ အပြင်မှာထိခိုက်ဒဏ်ရာရသည့် ပုံစံလေးတွေဖြစ်နေခဲ့သေးသည်။

ဆရာ၀န်ကြီးများက မြင်မြင်ချင်းအံ့ဩသွားကျပေမယ့် သွေးနုသားနုဖြစ်နေသည့် ရစ်ကိုစိတ်မပူစေချင်တာကြောင့် ကလေးတွေကို သန့်စင်ပြီး ခဏသာမျက်နှာပြကာ ကလေးတွေကို အထူးကြပ်မက်ဆောင်ကို ပို့လိုက်ရသည်။ထုံး‌ဆေးပယ်စပြုနေသည့် ရစ်ကိုတော့ မေ့ဆေးပေးပြီး ခွဲစိတ်ချင်းအမှုကိုအဆုံးသက်လိုက်ရသည်။

"ရစ် စိတ်မပူပါနဲ့ ဘာမှမဖြစ်ဘူး "

"ဟုတ်ပြီလား ကလေးတွေကသန်မာပါတယ်ကွာ "

"ငိုမနေနဲ့ ငိုရင်ပိုပင်ပန်းတယ်" 

မျက်ရည်အရွဲသားနဲ့ ရစ်ကိုမျက်ရည်သုတ်ပေးဖို့လက်လှမ်းလိုက်ချိန် ရစ်ရဲ့အနောက်မှာ ကိုယ့်ကိုစူးစူးရဲရဲ စိုက်ကြည့်နေသည့် သူကြောင့်ခမ်းနားရဲ့ လက်တွေလေထဲမှာတင်ရပ်လို့နေသည်။

‌"ရော့ မျက်ရည်တွေသုတ်လိုက်အုံး "

ရစ်ကို လက်ကိုင်ပဝါလာပေးသည့် လက်တစ်ဖက်ကို ရစ်စိုက်ကြည့်နေမိသည်။

ဈာန်သူပေးတဲ့ လက်ကိုင်ပဝါကိုမယူဘဲ စိုက်ကြည့်နေသည့်သူကြောင့် စိတ်မရှည်တော့ဘဲ ထိုလူရဲ့မျက်ရည်တွေကို ကိုယ်တိုင်သာသုတ်ပေးဖို့စဉ်းစားလိုက်ပေမယ့် အတွေးထက် လက်ကမြန်တာကြောင့် ထိုလူရဲ့မျက်နှာနုနုပေါ်ရှိ မျက်ရည်တွေကိုအသာအယာသုတ်ပေးနေမိသည်။ဈာန်သူ့လက်နဲ့ထိတွေ့ မိတဲ့ပါးမို့မို့လေးတွေကို သတိလက်လွှတ်ထိတွေ့နေမိသည်။

Twins Baby's Father Where stories live. Discover now