ဆောင်းဟွန်းကမျက်နှာကိုထိုးပေးလိုက်ပြီး ဂျောင်ဝန်းကမျက်မှန်ကိုချွတ်လိုက်ကာ ဆောင်းဟွန်းကအရမ်းကိုမှချောနေခဲ့တော့နတ်သားလေးလားဆိုပြီးတွေးနေမိတဲ့
ဂျောင်ဝန်းလေးပေါ့...။"ဘာလို့ဘာမှမပြောတော့တာလဲ?ရုပ်ဆိုးလို့လား?"
"ဒီလောက်ချောတာကိုဘာကိုရုပ်ဆိုးတာတုန်း?"
"တကယ်လား?"
"အော် အရမ်းချောတယ်အရမ်းကိုမှပဲ"
ဆိုပြီးပြောနေရင်းဂျောင်ဝန်းတစ်ယောက်အိပ်ပျော်သွားပြီး ဆောင်းဟွန်းကဆံပင်လေးကိုသပ်လိုက်ကာ"အိပ်ပျော်သွားတာပဲ" ဆိုပြီးဂျောင်ဝန်းကိုဖက်လိုက်၍သူလည်းအိပ်ပျော်သွားတော့တယ်...။
မနက်ရောက်တော့ဂျောင်ဝန်းတစ်ယောက်အရင်နိုးလာပြီး မျက်လုံးလည်းဖွင့်လိုက်ကောချောမောတဲ့မျက်နှာကိုအရင်မြင်လိုက်ရကာ
"အမ်?ငါအိပ်မက်မက်နေတာလား?" ဆိုပြီးပါးကိုဆွဲလိမ်တော့လည်းဒီတိုင်းကဒီတိုင်းပဲဖြစ်နေတော့ဂျောင်ဝန်းတစ်ယောက်လန့်သွား၍ ထထိုင်လိုက်တာပေါ့...။
ဆောင်းဟွန်းကနိုးသွားပြီးဂျောင်ဝန်းတစ်ယောက်ရင်တွေခုန်နေကာ
"အဲ့ဆိုမနေ့ညကဟာကလည်းအိပ်မက်မဟုတ်ဘူးပေါ့ ဦးလေးကြီးကအဲ့လောက်တောင်ချောတာလား?ငါထင်တာမှားပြီပေါ့" ဆိုပြီးအံ့သြနေချိန် ဆောင်းဟွန်းကထလာ၍
"ဂျောင်ဝန်း" ဆိုပြီးနူးညံ့တဲ့အသံနဲ့နားထဲကပ်ခေါ်လိုက်တော့တယ်...။
ဂျောင်ဝန်းတစ်ယောက်လှည့်ကြည့်လိုက်တော့လန့်ပြီးကုတင်အောက်ကိုပြုတ်ကျသွားကာ
"အားးသေပါပြီ"
"ခလေးရရဲ့လား???" ဆိုပြီးကုတင်ပေါ်ကနေစိတ်ပူတကြီးနဲ့ဆင်းလာတော့သူပါဂျောင်ဝန်းအရှေ့ချော်လဲကျသွားတာပေါ့...။
ဂျောင်ဝန်းကရယ်လိုက်ပြီး
"ဦးလေးကြီးအဆင်ပြေရဲ့လား?"
YOU ARE READING
After tomorrow ✓ || Sungwon🐧🐈
Fanfictionခေတ်ဟောင်းဦးလေးကြီးဆောင်းဟွန်းနဲ့ဆယ်ကျော်သက်အရွယ်ခလေးလေးဂျောင်ဝန်းတို့ရဲ့အချစ်ဇာတ်လမ်း