Part-9

99 17 0
                                    

Part-9

" ဒီနေ့ လုပ်ရမဲ့အစည်းအဝေးက သားမပါလို့မရဘူး ဂျောင်းဟန် ရှယ်ယာရှင်တိုက်ရိုက်အစည်းအဝေးမို့ သားပါရှိနေမှရမှာ အဆင်ပြေရင် လိုက်ခဲ့ပေးစေချင်တယ်"

ပုံမှန်အရေးမကြီးသည့် အစည်းအဝေးဆို ဦးလေးပဲသွားပေးတာဖြစ်ပေမဲ့ ဒီတခါ တကယ်အရေးကြီးသဖြင့် သူ့ကိုခေါ်မှန်းဂျောင်းဟန် နားလည်ပါသည်။

"ကျတော် လိုက်ခဲ့ပေးပါ့မယ်ဦးလေး"

"သားအခန်းထဲ ဝတ်စုံပို့ပေးထားတယ် သွားလဲတော့နော်"

"ဟုတ် ကျတော် သွားလဲခဲ့ပါမယ်"

ဦးလေးပို့ခိုင်းလိုက်သည့် အနက်ရောင်suitအားသေချာဝတ်ဆင်ရင်း အဆင်သင့်ဖြစ်တော့ အိမ်ရဲ့ ဆင်ဝင်မှာရပ်နေသည့် ကားထဲသို့အသင့်ဝင်ထိုင်ကာ လိုက်လာလိုက်သည်။

မလိုက်မဖြစ်လို့သာ လိုက်ရပေမဲ့ ဂျောင်းဟန် companyအလုပ်တွေကို သိပ်စိတ်မဝင်စားပါ …။ ဂျောင်းဟန်သည် မွေးထဲကနေ အခုအချိန်ထိ အောင်မြင်မှုတွေဘာတွေကို သိပ်စိတ်ထဲမရှိသော လူတစ်ယောက်ဖြစ်သည်။ ဘဝကို ဒီတိုင်းလေး ရှင်သန်နေရတာ ပိုကြိုက်လေသည်။

" ယွန်းဂျောင်းဟန် ရောက်လာပါပြီ"

အစည်းအဝေးခန်းမထဲ  သူဝင်လာတာနဲ့ အကုန်လုံးက  လှမ်းကြည့်ကျတာသူတို့တခါမှမမြင်ဖူးသော   Yoon groupရဲ့ သားကို စိတ်ဝင်တစားကြည့်နေကျပြန်သည်။

သူထိုင်ရမည့် နေရာတွင် မတ်တပ်ရပ်လိုက်ကာ အားလုံးကို ဝေ့ဝဲကြည့်လိုက်ရင်း  သူတို့အားလုံးရှေ့မှာ စကားပြောနိုင်ဖို့ ဂျောင်းဟန် တော်တော်ကြိုး စားလိုက်ရသည်။

" ကျတော်တို့ စလိုက်ကျတော့မလား"

ဂျောင်းဟန် စကားဆုံးတာနဲ့ တပြိုင် နက် အစည်းအဝေးခန်းမကြီးက တိတ်ဆိတ်သွားလေသည်။

……………………………………………………

"ဟူးးး ပူလိုက်တာ"

အစည်းအဝေး ပြီးတာနဲ့ ကော်ဖီသောက်ချင်လာမိလို့ ရုံးခန်းတွေရဲ့ ထောင့်ဆုံးဘက်ဆီလာခဲ့လိုက်သည် ။ အခုန ဖြတ်သွားသည့် ဝန်ထမ်းတစ်ယောက်ကို မေးကြည့်တော့ ကော်ဖီဆိုင်က အဲ့နားမှာဆိုလို့ပင်…။

O P P O S I T E  (Completed)حيث تعيش القصص. اكتشف الآن