Part 1

190 43 3
                                    

* I wish I could stay with you ~~ (Ringtone)

"ဟယ် လို ~~"

" ထယ်ယောင်း အိပ်နေတုန်းလား "

"အွန်းး ဟုတ်တယ် hyung "

"ဒီနေ့ ဘာ  schedule မှမရှိဘူး ဒါပေမယ့် Mark က ထယ်ယောင်းနဲ့ ညစာစားချင်တယ်ပြောတာ သူပြောထားတာ ကြာနေပြီတဲ့ ဒီနေ့အကုန်စီစဉ်ပြီးသားမို့လက်ခံပေးပါတဲ့ "

"ဟူး အဲ့တစ်ယောက်ကလည်းလေ ကောင်းပြီ hyung ကျွန်တော့်ကို လိပ်စာပို့ထားလိုက် "

"အင်း ဒါပဲနော် "

ဆံနွယ်တို့ကို လက်ဖြင့်ထိုးဖွလိုက်ကာ ဆက်အိပ်ရင် ကြိုးစားသော်လည်းမရပေ ။ ထပြီး မနက်သစ်သွားတိုက်ကာ စားဖို့သောက်ဖို့ ရှာကြည့်ရသေးသည် ။ တစ်ယောက်ထဲနေပြီး မချက်မပြုတ်တတ်တာကြောင့် ခေါက်ဆွဲဘူးနဲ့သာ နစ်ပါးသွားရတယ် ။

*အရင်လိုမင်းရှိရင်သိပ်ကောင်းမှာပဲ

လွန်ခဲ့တဲ့ သုံးနစ်က အချိန်တွေကို လွမ်းမိသားပဲ

ဆိုဖာပေါ်ထိုင်ကာ TVကြည့်ရင်း ခေါက်ဆွဲပြုတ်သာစားနေသည် ။

* I wish I could stay with you ~~ (Ringtone)

ဖုန်းသံကြားလို့ ကြည့်လိုက်တော့ Mark
ကိုင်လိုက်တာနဲ့ ချက်ချင်းကို အသံကြားရတော့သည် ။

"Oh TaeTaeလေး နောက်ဆုံးးတော့ လက်ခံပြီပေါ့ အရမ်းလွမ်းနေတာ "

"ဟူးး Mark ငါ့ကို အဲ့လိုလာလာမပြောနဲ့လို့ "

"ကိုယ်မင်းကိုချစ်တယ် Kim Taehyung "

"ငါတော့မင်းကို သူငယ်ချင်းထက်မပိုဘူး Jung Mark Son "

"ကိုယ်မင်းကို စောင့်နေတာ ကြာလှပြီ ကိုယ်ဘယ်လိုလုပ်မှ မင်းအချစ်ကို ရမှာလဲ "

"အထပ်ထပ်အခါခါပြောရမှာလား မင်းနာကျင်ရမယ်ဆိုတာကို သိနေရက်နေလေ .."

"ကိုယ်တောင်းပန်ပါတယ် ဒီညတော့လာခဲ့ပါ ။ အချိန်နဲ့ လိပ်စာပို့ထားမယ် "

"အင်း .."

Mark ကြောင့်လူက စိတ်ရှုပ်သွားခဲ့တယ် ။ မတတ်နိုင်ဘူးလေ ။ Mark ကို သံယောဇဉ်ရှိပါတယ် ။ သူငယ်ချင်းထက်ကို မပိုဘူး ။

လွန်ခဲ့တဲ့ ၅နစ်‌ကျော်တုန်းက မင်းလည်း ငါ့ကို အရင်လိုက်ခဲ့တာပဲနော် ငါရဲ့လူဆိုးကောင်ငယ်လေး ..

𝖫𝗈𝖵𝖾 𝖬𝖾 𝖠𝗀𝖺𝗂𝗇 On Rainy Days Where stories live. Discover now