Part 4

261 42 10
                                    

အေးစက်သွားသော ကော်ဖီတစ်ခွက်ကိုကြည့်ရင်း
အတွေးများနေခဲ့သည် ။

တစ်ကယ်တော့ ငါကကော်ဖီမကြိုက်ဘူး
ကော်ဖီကြိုက်တဲ့မင်းကြောင့် ငါသောက်လာတာ ။

ကော်ဖီက သိပ်ခါးသက်တယ် အခု ငါခံစားနေရသလိုပဲ ။

ကိုရီးယားကို မင်းပြန်ရောက်နေပြီလို့ကြားပေမယ့်
မင်းရဲ့ပုံရိပ်လေးတောင် မတွေ့တော့ ငါဝမ်းနည်းမိသား ။

အကယ်၍ မင်းကို တွေ့ခဲ့ရင် ငါမင်းကိုချစ်ကြောင်းပြောချင်သေးတယ် ။

//  𝙻𝚘𝚅𝚎 𝙼𝚎 𝙰𝚐𝚊𝚒𝚗  //

Show တစ်ခုမှာ Performance လုပ်ပေးရပြီး ပြန်လာခဲ့သည့်အခါ အနည်းငယ်တော့ ပင်ပန်းနေလေသည် ။ နွေရာသီအကုန်ဖြစ်သော်လည်း အနည်းငယ် ပူနေသေးသည် ။သို့ပေမယ့် ဤရက်ပိုင်းအတွင်း မုန်တိုင်းရှိသည်ကြောင့် အရမ်းတော့ မပူ‌ပေ။ တိုက်ခန်းသို့ ပြန်လာပြီးတော့လည်း စားစရာက ခေါက်ဆွဲထုပ်အပြင် ဘာမှမရှိတာကြောင့် စိတ်ညစ်သွားရသည် ။

အပြင်ဆိုင်မှာ ထွက်စားမယ်ကြံတော့ ခေါင်းထဲဝင်လာတာ MyYou-JKim Restaurant  ။ ဒါပေမယ့်လည်း ဟိုအပတ်ကမှ သွားထားသေးတာကြောင့် အခြားမရောက်သေးတဲ့နေရာကိုသာ ရှာကြည့်ရသည် ။ နာမည်‌ကြီး အဆိုတော်တစ်ယောက်ဖြစ်တာကြောင့် လမ်းဘေးဆိုင်မှာ လွတ်လွတ်လပ်လပ်ထိုင်စား၍မရ ။

အကယ်၍သာ သူ့စိတ်တိုင်းသာဆို လမ်းဘေးဒုတ်ထိုးသည်ဆီမှာ ထိုင်ပြီးသာ အားရပါးရစားချင်သည် ။ ညဈေးမှာ လျောက်ပတ်သွားချင်သည် ။

" Golden 97 BBQ & Bar "

Kim Taehyung ရဲ့ vibe ကိုပြောပြပါဆိုလျှင် အညိုရောင်ဆန်‌ဆန်အရာလေးတွေရယ် ၊ vintage အမှတ်တရတွေ ၊ Luxury ဆန်ဆန်ပုံရိပ်လေးတွေပင်ဖြစ်သည် ။

ဆိုင်အပြင်အဆင် အညိုရောင်နဲ့  Luxury ဆန်ဆန်လေးကြောင့် သဘောကျမိသည် ။ အကင်တွေဘာညာ‌ဆိုတာလည်း ထယ်ယောင်း အကြိုက်မို့ ထိုဆိုင်ကို သွားရန်ဆုံးဖြတ်လိုက်သည် ။ ပုံတွေကို ကြည့်ရသလောက်ဆို လူလည်း မများအေးအေးဆေးဆေးနဲ့ပင် ။ တည်နေရာကို ကြည့်တော့ နေရာက အရမ်းကြီးဝေးသည်မဟုတ် ဒါကြောင့် ကိုယ့်ဘာသာကိုယ်ပဲ မောင်းသွားရန် ဆုံးဖြတ်လိုက်သည် ။

𝖫𝗈𝖵𝖾 𝖬𝖾 𝖠𝗀𝖺𝗂𝗇 On Rainy Days Место, где живут истории. Откройте их для себя