Th Devil In Me

201 30 3
                                    

"စုံထောက်ကဘာလို့လိုက်လာတာလဲ စောက်သုံးမကျဘူး"

Minhoအနားကသူတစ်ယောက်ကိုအင်္ကျီကော်လံကဆွဲပြီးအဝေးနံရံအထိပစ်ထုတ်လိုက်သည်

"အဲ့ဒီ့စုံထောက်ရော"

"ဂိုထောင်ထဲမှာပါ"

ပူ‌လောင်စွာပဲအသက်ရှုမဝတာမို့အပေါ်ထပ်ကုတ်အင်္ကျီအမဲကိုချွတ်လိုက်လျှင်
ရှပ်အင်္ကျီလက်ရှည်အမဲရောင်ကိုအင်္ကျီလက်မှကြယ်သီးတွေကိုဖြုတ်ကာတံတောင်ဆစ်အထိခေါက်တင်လိုက်သည်

ဖြူသန့်နေသောမျက်နှာ နဖူးပေါ်အထိသပ်တင်ထားတဲ့ကြက်သွေးနီရောင်ဆံပင်နဲ့မလိုက်ဖက်စွာအေးစက်နေသောမျက်နှာမှမျက်ခုံး တွေသည်အတော်ကိုတွန့်ချိုးထားသည်
Minhoအနားကအသင့်ချထားတတ်တဲ့သရေလက်အိတ်အမဲကိုစွတ်ပြီးလျှင်

အခန်းထောင့်မှာချထားတဲ့ သံတုတ်ကိုလက်မှာတင်းနေအောင်ဆုတ်ပြီးအရှေ့ဆုံးကသွားတော့ အနောက်ကလေးယောက်မကတဲ့တရုတ်လူမျိုးနောက်လိုက်များက တန်းစီလျက်လိုက်လာသည်

ဂိုထောင်ဘက်ကိုဦးတည်လိုက်သည်
အသက်ရှူသံတွေလည်းမမှန်သလို ဒေါသကလည်းပုံမှန်ထပ်ပိုပြီးထွက်နေသည်

"ဖွင့်စမ်း!"

ဂိုထောင်ထဲမှာအနက်ရောင်ဗန်ကားနှစ်စီးထိုးရပ်ထားသည်
ဘေးတွင်လည်းပင်လယ်ငါးတွေထည့်ဖို့ရေခဲပုံးတွေအထပ်ထပ် အဲ့ဒီ့ပုံးတွေရဲ့အောက်ခြေတိုင်းမှာဆေးပြားတွေကိုအထပ်ထပ်ထပ်ထားသည်

ထောင့်အလယ်မှာသွေးသံရဲရဲနဲ့ပါးစပ်ထဲကိုအဝတ်စတစ်ခုစို့ထားကာလက်ကိုနောက်ပြနမချည်ခံထားရသူ စုံထောက်ဆိုတဲ့ကောင်

Minhoဘာမှမပြောဘဲအနားရောက်သွားသည်

"ဒီကောင်လားစုံထောက်ဆိုတာ"

"ဟုတ်ပါတယ်..!"

တုန့်ဆိုင်းမနေ
လက်ထဲကသံတုတ်ကိုအပေါ်ကိုမြှောက်လျက် စုံထောက်ဆိုတဲ့သူရဲ့ခေါင်းတည့်တည့်ကို

တစ်ချက် နှစ်ချက် သုံးချက်အထိအားကုန်လွှဲရိုက်သည်
သွေးစတွေပန်းထွက်လာကမျက်နှာထပ်စီ လူလည်းအသေ
သူလည်းအပေပဲဖြစ်နေပေမဲ့ ဘေးကသူတွေမှာတုန်တုန်လှုပ်လှုပ်ဖြစ်သွားရသည်

The Devil In Me(Two short/Completed)Where stories live. Discover now