1

140 26 6
                                    


"မုန်တိုင်းအခြေအနေသတိပေးထုတ်ပြန်ချက် အရ.."

ဆက်ပြီးတင်ဆက်လာမဲ့သတင်းတို့ကိုဆက်ပြီးမကြားချင်
တီဗွီရီမုကိုနှိပ်ကာအဝေးဘက်အထိပစ်ချလိုက်ပြီး
စွယ်ကျယ်အင်္ကျီအနက်ပေါ်နီညိုရောင်ရှပ်အင်္ကျီကြယ်သီးကိုရင်ဘတ်အထိဟထားပြီးလက်ထဲကပုလင်းအသေးလေးတစ်ခုကိုကိုင်ထားတဲ့Minhoရဲ့ပုံစံဟာအနည်းငယ်တော့စိတ်မအေးချမ်းနေပုံပေါက်သည်

ဒီကနေအခန်းကိုခေါက်တုန့်ခေါက်ပြန်လျှောက်သည်
အလုံပိတ်ထားတဲ့လိုက်ကာတွေကိုဖွင့်ကြည့်တော့လည်းမှန်သားနံရံအထူကြီးတွေကတစ်ဆင့်ခြံအကျယ်ကြီးထဲမှာမိုးရွာလို့လှုပ်ရှားနေတဲ့လူအများစုကိုတွေ့ရဦးမည်

အနှစ်၂၀နေမှရောက်လာနိုင်တဲ့မုန်တိုင်းဖြစ်သည်မို့ကမ်းရိုးတန်းဒေသကလူအများစုဟာ နေရပ်တွေကိုစွန့်ခွာထွက်ပြေးနေကြရသည်
ဒါပေမဲ့ ဆိုလ်းကတော့ဆိုလ်းပါပဲ
ပုံမှန်အတိုင်းဖြတ်သန်းသွားလာနေကြလျက်ရှိသေး၏

"ကျစ်!ငါ့ကို အိပ်မရအောင်လာလုပ်နေတယ်"

ဘယ်သူ့ကိုမဲလို့ ဘယ်သူ့ကိုအော်ငေါက်ရမှန်းမသိပါ
မတင်မကျဖြစ်နေသေးတဲ့စိတ်ထဲကအရာတစ်ခုက ယခုအထိအနယ်မထိုင်သေး

"မုန်တိုင်းတိုက်တာ ငါကဘာလို့ဂရုစိုက်ရမှာလဲ"

ဆက်ကနဲဆိုလိုက်ကာစကိုပြန်ပိတ်လိုက်သည်
သောက်လက်စvodkaပုလင်းကိုစားပွဲပေါ်ချလျက်Minhoရေချိုးခန်းထဲဝင်သွားသည်

မီးရောင်တွေသာမန်ထပ်လင်းနေသောရေချိုးခန်းအတွင်းမှာ ဘေစင်ရှေ့ရှိမှန်တစ်ချပ်ရှေ့မှာဘေစင်ကိုလက်နဲ့ထောက်ပြီးရပ်လိုက်၏

မှန်ထဲကကိုယ့်ကိုကိုယ်ကြည့်ပြီးနှုတ်ခမ်းကိုလက်နဲ့အကြမ်းပတမ်းပွတ်ဆွဲလိုက်သည်
ဘေစင်ကရေတွေကိုဖွင့်ချပြီးမျက်နှာသစ်လိုက်ပေမဲ့ စိတ်မသက်သာသွားသေးတဲ့ခံစားချက်တစ်ခုသူ့မှာကျန်သေးသည်

"မင်း စောက်ရူးလား"

ဘာမှကိုအာရုံစိုက်လို့မရ အိပ်လိုက်လို့တောင်မရပါ မူးတဲ့အထိသောက်လည်းနဂိုထဲကမမူးတတ်တာမို့ပိုပြီးခက်သည် မျက်လုံးတွေနီရဲလာတာကလွဲရင် ဘာမှမရှိတာမို့လို့ နည်းနည်းလေးမှမရှည်တဲ့စိတ်က ဒေါသအလိုလိုထွက်လာသည်

The Devil In Me(Two short/Completed)Where stories live. Discover now