2

171 20 15
                                    

"ဒီနှစ်အတွင်းဒီမြို့မှာမူးယစ်ဆေးနဲ့ပတ်သတ်တဲ့အမှုက အရင်နှစ်ကထက်ပိုဆိုးလာတာပဲ"

ဆေးရုံရှေ့မှာဖွင့်ထားတဲ့TVအသေးလေးကိုကြည့်ရင်းပြောနေတဲ့လူနာတွေအကြောင်းကိုJisungနားစွင့်မိသည်
မူးယစ်ဆေးအမှုတွေကတော်တော်များတာပဲ
ကြောက်စရာ

အတွေးထဲတွင်ကြောက်ရွံ့မှုကကြီးစိုးလာတဲ့အခါဟိုတစ်နေ့ကမုန်တိုင်းဖြတ်သွားတဲ့ညကိုသတိရမိသည် တကယ်အဲ့ဒီ့အကိုသာမရှိရင်သေတော့မလို့

တစ်ခါလောက်တော့ထပ်ပြီးတွေ့ချင်သေးသည် စကားအကောင်းမပြောတတ်တဲ့အကိုကြီး
နောက်တစ်ခါတွေ့ရင်စကားပြောတတ်အောင်သင်ပေးချင်သေးသည်

"ဆေးရုံမှာလိုအပ်တာရှိလား"

တွေးမိနေတုန်းရှိသေးတယ်မနေ့ကHyungရဲ့ကားဒရိုက်ဘာက ရောက်လာပြီး လိုအပ်တာရှိလားဆိုတဲ့မေးခွန်းကြောင့်Jisungနည်းနည်းတော့ကြောင်သွားသည်

"ဟို..လှူမလို့လား"

"ဆရာကမေးခိုင်းလိုက်လို့.".

" လောလောဆယ်တော့ခွဲစိတ်ခန်းအသစ်ဆောက်ဖို့ရယ်နဲ့ လူအားကပိုပြီးလိုအပ်မယ်ထင်ပါတယ် နယ်ကဆေးရုံဆိုတော့လေ တာဝန်ကျတွေသိပ်ပြီးမလာချင်ကျဘူး ကျွန်တော်ကစေတနာ့ဝန်ထမ်းဆိုတော့ ဟိုကသူနာပြုကြီးတွေကိုပဲမေးပေးပါ"

ပိုပြီးသိနိုင်လောက်မဲ့သူကိုပဲညွှန်ပြလိုက်သည်
တော်ကြာ ကိုယ်လမ်းညွှန်လိုက်လို့တစ်ခုခုလွှဲမှားသွားမှဖြင့်

.
.
.
.
.

Minhoကားနောက်ခန်းမှာပြတင်းပေါက်ကိုဖွင့်လို့စီးကရက်ကိုရှူရှိုက်နေသည်
ဆေးရုံဝန်းအတွင်းဆေးလိပ်မသောက်ရဟူသောဆိုင်းဘုတ်ကကားဘေးမှာတင်ရှိနေပေမဲ့သူဂရုမစိုက်ပါ

ပြီးနောက်ဒရိုက်ဘာကကားတံခါးလာဖွင့်တဲ့အခါမေးလိုက်သည်

"လှူလို့ရတယ်တဲ့လား"

"ရတယ်ဆရာ ဆေးရုံကခွဲစိတ်ခန်းတစ်ခုပဲရှိတာမို့လို့နောက်တစ်ခန်းအတွက်ပြင်ဖို့လိုနေပါတယ် ပြီးတော့လူအင်အားအဓိကလိုတာပါတဲ့"

"‌နောက်ခန်းထဲမှာလက်ဆွဲအိတ်ရှိတယ်မင်းပဲသွားလှူလိုက် ငွေသားနဲ့မို့လို့ငါ့နာမည်မထည့်ခဲ့နဲ့ အသားစက်ရုံကလို့ပဲပြောလိုက်"

The Devil In Me(Two short/Completed)Where stories live. Discover now