Part-11

117 20 2
                                    

                          Part-11

"   ကျတော့်ကိုဒါလေး ယူပေးလို့ရမလားမသိဘူး အရှေ့ကတယောက်"

"ရပါ ဟင် ဂျောင်းဟန်မလား"

စာအုပ်ဆိုင်တွင် စာအုပ်ဝယ်နေသည့်အချိန် သူမမီသည့် စင်ပေါ်မှ စာအုပ်တစ်အုပ်ကို လှမ်းယူခိုင်းလိုက်ရာ ထိုလူမှ သူ့ဘက်ပြန်လှည့်အလာတွင် တွေ့လိုက်ရသောသူကိုမြင်တော့ ဂျောင်းဟန် ပျော်သွားမိသည်။

ပြည်ပမှာ သူကျောင်းသွားတတ်တော့ သူ့ရဲ့အတန်းဖော်ဖြစ်ခဲ့သော ဟုန်းဂျီဆူး

"ဂျီဆူး "

"တွေ့ရတာ ဝမ်းသာလိုက်တာ မင်းကိုငါ လိုက်ရှာနေခဲ့တာ"

"ငါလဲမင်းကို ပြန်တွေ့ရတာဝမ်းသာပါတယ် ဂျီဆူး"

ဂျီဆူးက အရင်လိုပဲ နူးနူးညံ့ညံ့လေး ပြုံးပြလာပြန်သည်။ ဂျီဆူးအပြုံးကြောင့် ဂျောင်းဟန်ရင်ထဲ အေးချမ်းသွားရသည်။

"ဆိုင်တစ်ဆိုငိမှာ ငါတို့စကားသွားပြောကျမလား ဂျောင်းဟန်"

ဂျီဆူး ပြောတာ သဘာဝကျပေမဲ့  သူကြုံတွေ့နေရသည့်ပြသနာတွေကြောင့်  သူ ဆိုင်တစ်ခုခုမှာ အကြာကြီး နေလို့မရပါ

" ဟို ဂျီဆူး ငါအခုနေတဲ့အိမ်ကိုပဲ လိုက်ခဲ့မလားဟင်
  ငါပြသနာလေးတစ်ခုရှိလို့ အပြင်မှာအကြာကြီးနေလို့မရလို့ပါ"

"အော် ရပါတယ် အဲ့ဒါဆို မင်းအရှေ့က သွားလေ ငါအနောက်ကနေ လိုက်လာပါ့မယ်"

ဂျီဆူးက သူ့ထုံးစံအတိုင်း ဂျောင်းဟန်အနေခက်အောင် ဘာမှမလုပ်ပဲ ဂျောင်းဟန် ပြောတာကိုပဲနာခံခဲ့သည်။

သူ ဂျီဆူးနဲ့ပြန်တွေ့ရသည့်အတွက် ဝမ်းသာမိသည်။ အကြာကြီးနေမှ သူငယ်ချင်းတစ်ယောက်ကိုပြန်တွေ့လိုက်ရခြင်းဖြစ်သည်။

…………………………………………
"ဒါ ငါ အခုနေတဲ့အိမ်လေ ဂျီဆူး "

ဂျီဆူးက ဂျောင်းဟန်ပြောတာကိုနားထောင်ရင်း ဂျောင်းဟန်ကို တခုခုမေးချင်နေပုံရသည်။

"မင်း ဘာတွေဖြစ်ခဲ့တာလဲ ဂျောင်းဟန် ငါ့ကိုပြောပြလို့ရမလား "

O P P O S I T E  (Completed)Where stories live. Discover now