Ep 1. story

1K 40 0
                                    


နေ့လည် မြန်မာစံတော်ချိန် 2:00pm..ခန့်တွင်။

ဖြောင့်ဖြူးလှသော လမ်းမကြီးထက်တွင် အေးဆေးစွာနင်းလာသော စက်ဘီးလေးတစ်စီး .. နေလုံးကြီးဟာလဲ အချိန်ကြာမြင့်လာတာနဲ့အမျှတဖြေးဖြေးနှင့် ဦးခေါင်းတည့်တည့်သို့ရောက်လို့နေလှင့်ပီ။မန္တလေးနွေဖြစ်တာမို့ ဤအပူချိန်လောက်ကတော့ အထူးတလည်ဖြစ်မနေပင်။လမ်းမကြီးဟာလဲ နေအပူချိန်ဖြင့် ပူပျင်းနေသည့်အချိန်မို့ ကပ်တရာ လမ်းများဟာလဲ ပူရှိန်းရှိန်း အငွေ့များဟပ်နေသည့်မှာ သိသာလှစွာ ..

ထိုကောင်လေးကတော့ စက်ဘီးလေးကိုအေးဆေးစွာနင်းနေပေမဲ့လည်း နဖူးထက်မှာတော့ ချွေးပေါက်ချွေးစက်လေးတွေဟာလဲ တစ်စ တစ်စ စီးကျလျှက်သား မကျယ်မကျဥ်း နဖူးလေးထက်မှာ ဖြာကျနေသည့် ဆံနွယ်လေးတို့မှာ ရှာထုပ်ဦးထုပ်အောက်က တိုးထွက်နေယောင်သလိုပင်။ ဆံနွယ်တစ်ချို့မှာ ချွေးစများဖြင့် အနှီနဖူးလေးထက်တွင် ရောကပ်နေလျှက်။နေ့အပူချိန်ဟာလဲ မြင့်လာပီမို့ တဖြေးဖြေးမောလာပီထင်သည်။ 62လမ်းမကြီးပေါ် အရောက် စက်ဘီးလက်ကိုင်တို့အားလမ်းကွေ့တစ်ခုထဲသို့ ကိုင်းညွှတ်ရာ တဖက်လမ်းမှ ထွက်လာသော ကားတစ်စီးး ..!

~~ ကျွီ ~~

ကားကိုထိုးရပ်ပီးတာနဲ့ ခပ်ပြာပြာပြေးဆင်းလာသော လူတစ်ဦး ..ခြေလှမ်းခပ်ကျဲတို့ဖြင့် အနားသို့ရောက်လာလာချင်း ယောကျာ်းပီသစွာ စကားသံ ဩရှရှတို့နှင့် ဆိုလာ‌ လေသည်၊

"ဟာ ကောင်လေး ရရဲ့လား"
"လာလာ  ထ ..."

"ရတယ် ဖယ် ..ကျွန်တော်ဘာသာထနိုင်တယ်"

ဟေ ဘလိုဟာလေးလဲဟ ကိုယ့်ကားနဲ့မတိုက်မိပေမဲ့ အကွေ့မှာ အမှတ်တမဲ့ဆိုတော့ သူလဲ ဘေးသို့လက်ကိုင်လွှဲချလိုက်တယ်ထင်ပါရဲ့ တဖက်က ကားကလဲ အလျှင်မြန် ဘရိတ် အုပ် လိုက်လို့သာ ..

ထူပေးဖို့ ကူပေးတာတောင် အဲ့အကောင်သေးလေးရဲ့ ပြန်ဟောက်တဲ့ စကားသံက မှာဆပ်ဆပ်
ပြီးတော့ပြောလိုက်သေး 'ဖယ်' ဆိုပဲ ကိုယ့်ကို ကိုယ့်ထက်အငယ်စီက ပြန်ဟောက်ခံရတာ ဒါပထမဆုံး ဖြစ်လိမ့်မည် ပုံမှန်ဆို သူ့ပုံစံကိုမြင်ကြတဲ့သူတိုင်းတောင်ပြန်ပီးစေ့စေ့မကြည့်ရဲကြ ထိုချာတိတ်ကတော့ အခြားသောသူတွေနှင့် မတူစွာ .. သူ့ရှေ့မှ အကောင်သေးသေးအား သေချာကြည့်နေစဥ် ဝိုင်းစက်နေဟန်ရှိသော မျက်ဝန်းအိမ်တို့နှင့် စောင်းကြည့်ခံရလိုက်ရစဥ်

Last Light. ( un + Zawgyi )Where stories live. Discover now