Ep 2. story

457 26 2
                                    


စက်ဘီးကိုပင် စီးမသွားတော့ပဲ တွန်းလျှက်သားနဲ့အိမ်ကိုပဲပြန်လာခဲ့လိုက်သည်။ လင်းသက် တို့မိသားစုဟာ အသင့်အတင့်နေနိုင်ပြီး ချောင်လည်တဲ့ မိသားစုမျိုးထဲမှာပင်ပါသည်၊ တအားကြီး ကြပ်တည်းပြီး ဒုက္ခရောက်နေသည့်အထဲလဲမဟုတ် ကြီးကြီးတက်ချမ်းသာနေသည်လဲမဟုတ်ပေသူ့ဟာနဲ့သူတော့ အသင့်အတင့်အဆင်ပြေလှသည်။ လမ်းကြားလေးထဲအတိုင်း စက်ဘီးလေးတွန်းကာ ဆင်းလာလျှက် ဖျောက်စိပ်ရိပ်လေးများရှိရာ အေးချမ်းသောခြံဝန်းလေးစီသို့ဦးတည်ကာ လာနေသည်မှာ စောနက မျက်နှာထားနှင့်ပင်မတူစွာ တည်ကြည် အေးချမ်းလျှက် ခပ်ပြုံးပြုံးလေးနဲ့သာပင်။ စက်ဘီးလေးကိုသစ်ပင်မှာ ကပ်လျှပ် ရပ်ထားလိုက်ပြီး အိမ်ရှေ့တံစပ်မြိတ်ရှိ

(ခွေးကထစ်_တစ်နည်းအားဖြင့်လှေကားထစ်အသေးစားလေး၂ထပ်ပါ)

ခွေးကထစ် ပေါ်သို့ ဖိနပ်များကိုချွတ်လျှက် အိမ်ထဲသို့ဝင်လာလိုက်သည်။ အိမ်ဦးခန်းထဲမှ ထိုင်နေသည့် မိခင်ဖြစ်သူအား သားပြန်လာကိုမြင်သည်နှင့်မျက်နှာထက်မှာအေးမြသောအပြုံးများဖြင့်ပြုံးပြလျှပ်၊ တစ်ခဏ မကြာ ထိုအပြုံးများကပျောက်ရှလျှက် စိုးထိတ်နေသည့်ပုံရိပ်တို့အား မိခင်မျက်နှာပေါ်ထက်တွင် အထင်းသား ..

"ဟင် ..သား ဒူးကသွေးထွက်နေပါ့လား ၊ သားလမ်းမှာဘာဖစ်လာတာလဲ မေမေ့ကိုပြောစမ်းသား၊ ရန်ဖစ်လာတာလား၊ ရန်ရှာခံရတာလား သား၊ ဘလိုဖစ်တာလဲ"

မိခင်ဖြစ်သူမှာ သားလေးကိုငယ်ငယ်လေးကထဲက အလွန်ဂရုစိုက်လွန်းပြီးချစ်တာကြောင့် တစ်ခုခုဆို စိုးရိမ်နေရသည်နှယ် နောက်ပြီး ဖခင်မရှိတော့တဲ့နောက်ပိုင်း သူမမှာ ပိုလို့ပင် အဖြစ်သည်းရလေသည်။ မြင်မြင်လိုက်ရခြင်း အပြုံးတို့မှာမကြာလိုက် တစ်ခဏခြင်း စိုးရိမ်တကြီး မေးလာသော မေးခွန်းတို့မှာပင် များလှသေး၊ ဘယ်ကနေဘလိုစဖြေရမှန်းတောင်မသိလိုက်ရပေ။

" ဟို .. လမ်းထိပ်က အကွေးနားမှာ နည်းနည်း မတော်တဆ ဖြစ်လာတာပါ   သားဘာမှမဖြစ်ပါဘူး မေမေရဲ့ "

"ဘာကို ဘာမှမဖြစ်တာလဲသား .. ဒူးမှာသွေးထွက်နေတာက ဘာမှမဖြစ်တာလား "

Last Light. ( un + Zawgyi )Where stories live. Discover now