Ep 5. story

148 9 1
                                    

Ep 5. Last Light

Maserati blackကားလေးတစ်စီးအား  ခန်းနားကြီးကျယ်လှသောခြံဝန်းကျယ်ကြီးထဲသို့ အရှိန်မှန်မှန်ဖြင့် မောင်းဝင်လာလေပြီ။ မင်းထိုက်မှာကားပေါ်မှ အရင်ဆင်း၍ တံခါး၏ တဖက်တချပ်အား ဖွင့်ပေးကာ ခေါင်းငုံ အရိုသေ ပေးလေသည်။ အနောက်သို့လှပ်တင်ထားသော ဆံပင်တို့အား လက်ချောင်းရှည်ကြီးများဖြင့် ပြန်သပ်လျှက် အိမ်တော်ကြီးထဲသို့ စီးချက်ညီညီဖြင့် ဝင်သွားလေသည်။

စံအိမ်အဝင်ဝရှိ အချွေယံများမှာ လွှမ်းဆက်နိုင် ဝင်လာသည်နဲ့ မျက်လွှာများချထားကာ ခေါင်းငုံအရိုသေပေးကြလေသည်။

" ဆရာ .. ညစာ အဆင့်သင့်ဖြစ်ပါပြီ"

" အင်းး .."

ညစာအဆင်သင့်ပြင်ပြီးတာနှင့် လွှမ်းဆက်ရှေ့ ခေါင်းအနည်းငယ်ညွှတ်ကာ လာပြောသူမှာ ဒေါ်ရည်။ ဒေါ်ရည်မှာ လွှမ်းဆက် လေးငယ်ငယ်ကထဲက ဒီအိမ်တော်ကြီးတွင် မီးဖိုချောင်ဝင်ကာ ထမင်းချက်အဖြစ်တာဝန်ယူရပီး အစားအသောက်တွေအား စနစ်တကျ စီစဥ်ပေးရသည်။ လွှမ်းဆက် 10နှစ်သားအရွယ်ထဲက မိခင်ဖြစ်သူဟာ မတော်တဆအက်ဆီးဒက်တစ်ခု ဖြင့် ဆုံးပါးသွားခဲ့တာကြောင့် သိတက်စအရွယ်ထဲက ဒေါ်ရည်ဟာ သူ့အတွက် အရင်းနှီးဆုံးသူဖြစ်ကာ အစစအရာရာအတွက် အားကိုးရသည့် ကြီးမေ တစ်ယောက်ဖြစ်လာခဲ့သည်။ ဒီကလေးက အပြင်ပန်းကသာ မာကျောပေမဲ့ စိတ်ထားကတော့ နူးညံ့သည်။ သို့ပေမဲ့ လွှမ်းဆက် ဒေါသထွက်ကာ အငြိုးထားပီဆို အဲ့လူ ဘယ်လိုပြေးပြေး ပြေးမလွတ်တော့ပေ ။ အေးစက်တဲ့လူတွေ နာကျည်းပီဆို ကြောက်စရာကောင်းသည်မဟုတ်လား။ ဒေါ်ရည်မှာ ထမင်းဝိုင်းမှ တိတ်တဆိတ်စားနေသည့် လွှမ်းဆက်အား ဘေးတွင်ရပ်၍ စောင့်ပေးနေလေသည်။ လူ10 ယောက်စာထိုင်လို့ရသည့် ဖောလစ်သုပ်ထားသည့်ကျွန်းစားပွဲအရှည်ကြီးတွင် ညာဘက်ထိပ်ရှိ ခုံတွင် ထိုင်၍ တိတ်ဆိတ်စွာ ထမင်းစားလျှက်။ မိသားစု စုံစုံလင်လင်ရှိစဥ်အခါက စားဖူးသည့် ထမင်းဝိုင်းသည်လဲ ယခုအခါနှင့်ပင် တစ်မူမထူးခြားပေ  စားပွဲဝိုင်းတွင် စကားမြည်သံ တစ်ခုကြားဖို့နေနေသာသာ အပ်ကျသံတောင်မကြားရသည့် မိသားစု ထမင်းဝိုင်းကြီးသည် အေးစက်တိတ်ဆိတ်လျှက်။ စားပြီးသည်နှင့် အသာအယာထကာ ကိုယ့်အခန်းသို့ ပြန်ခဲ့လေသည်၊ လှေကားမှတဆင့် လေးလံနေသောခြေလှမ်းတို့ဖြင့်အပေါ်တက်သွားသော လွှမ်းဆက်အား ဒေါ်ရည် ကြည့်လျှက် စိတ်မကောင်းပေ။ ဒီကောင်လေး သူ့အမေကို လွမ်းနေပြန်ပီနဲ့တူတယ်။ ထမင်းဝိုင်းသိမ်းမယ်လုပ်တော့ ပန်းကန်ထဲတွင် ထမင်းအနည်းငယ်သာ လျော့လျှက်သား။

Last Light. ( un + Zawgyi )Where stories live. Discover now