Part [1]

3.3K 277 25
                                    

Unicode

"Votingစတော့မယ် လာကြဟေး"

ခပ်စူးစူးအော်သံအဆုံးတွင် Hallခန်းမတစ်ခုလုံးရှိ ကျောင်းသူ/သားများက ကိုယ့်မေဂျာအလိုက် အသီးသီးပြေးကပ်ကာ သတ်မှတ်ထားသောနေရာများတွင် အပြေးအလွှား ဝင်ရောက်နေရာယူကြသည်။ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်မို့ ခန်းမအတွင်းတွင် နက်ပြာရောင်ယူနီဖောင်းလေးတွေက တလှုပ်လှုပ်။

"ဟဲ့ ခုနကအော်လိုက်တာ ဘယ်သူကြီးတုံး"

"ငါလည်းမသိဘူးလေ"

"ဘာမှစဥ်းစားမနေကြနဲ့..ဒီလောက်အာကျယ်နေမှတော့ Philosophyကပဲ နေမှာပေါ့..တကယ်ပါပဲ uniကျောင်းနဲ့ ငါးစိမ်းတန်းနဲ့ မှားလာတဲ့ဟာတွေ"

Botany majorမှထွက်လာသည့် ကျယ်ကျယ်လောင်လောင်ရန်စကားသံကိုကြားတော့ နံဘေးနားမှ နှလုံးအေးသည့် Chemistryကျောင်းသားလေးတွေက တခွိခွိကြိတ်ရယ်သည်။ Ocean Crestမှာ Philosophyနဲ့ Botanyမတည့်တာ ဟိုးပဝေသဏီ စီနီယာတွေခေတ်ကတည်းက။

အားကစားမှာပြိုင်မလား၊ ကျောင်းလှုပ်ရှားမှုတွေမှာ ပြိုင်မလား၊ ရုပ်ချောတဲ့နေရာမှာ ပြိုင်မလား အမြဲတမ်း သူတို့ထိပ်ဆုံးက။

အခုလည်း Philosophyက ဘာမှမကြားရတာတောင် ထိပ်ဆုံးမှာရောက်နေသည့် Botanyကို မျက်စောင်းတထိုးထိုး။ ထိုင်နေသည့်နေရာ ဝေးကြလို့သာတော်သေးသည်။

"ငါတော့ ဒီနှစ်campus kingဖြစ်လာမယ့်သူကို စိတ်အဝင်စားဆုံးပဲဟယ် သိလား..မေဂျာတိုင်းက အကုန်ချောချောသန့်သန့်လေးတွေချည်း ထွက်လာတယ်ကြားတယ်"

"ရင်တွေခုန်နေပြီ ဟီးဟီး"

ဒါကတော့ အဆင်ပေါသည့် လေရှည်Lawမှ အများဆုံးကြားရသည့်စကားသံများဖြစ်ကာ အဆင်ငမ်းကောင်းသည့် မြန်မာစာကျောင်းသားအပေါင်းတို့ကလည်း ဟိုကြည့်ဒီကြည့်နှင့် ဂနာမငြိမ်နိုင်ကြ။

"သင်္ချာက ဒီနှစ် သူတို့campus kingမရရင် တစ်မေဂျာလုံး ကတုံးတုံးပြမယ်တဲ့..မနေ့က ကြေညာထားတယ်"

"ဘယ်မှာလဲ"

"Facebook students message boardမှာ"

"Ssရိုက်ထား..မရရင်တော့ တွေ့ကြပြီပေါ့ကွာ"

3 Kisses Where stories live. Discover now